Thai Fight week(37)ပွဲစဉ်မှာ အနိုင်ရရှိခဲ့တဲ့ မြန်မာရိုးရာလက်ဝှေ့ဖိုက်တာ နှစ်ဦး


(အားကစား) မေ ၆

မေလ ၅ ရက် ညနေပိုင်းက ထိုင်းနိုင်ငံမှာကျင်းပြုလုပ်ခဲ့တဲ့ Thai Fight ရဲ့ week(37)ပွဲစဉ်အတွင်း မြန်မာရိုးရာ လက်ဝှေ့ဖိုက်တာနှစ်ဦးစလုံး အနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ လက်ဝှေ့ပွဲမှာ ရိုးရာဖိုက်တာ စောအေးစီး နဲ့ မွေထိုင်းဖိုက်တာ PATCH KIATTISKA တို (၆၁) ကီလိုတန်း ယှဉ်ပြိုင်မှုမှာ စောအေးစီး က လက်ရည်အသာနဲ့ အချီပြည့်ယှဉ်ပြိုင်နိုင်ခဲ့ပြီး ဒိုင်အဆုံးအဖြတ်အမှတ်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ပါတယ်။

နောက်ထပ် ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ရိုးရာဖိုက်တာ မာန်ရဲကျော်စွာနှင့် မွေထိုင်းဖိုက်တာ CHA AUADLEK တိုရဲ့ (၆၅)ကီလိုတန်း ယှဉ်ပြိုင်ရာမှာ မာန်ရဲကျော်စွာ က ထိုင်းဖိုက်တာကို ပထမအချီမှာပဲ အလဲထိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews/22327

PAN

SZ