ဆော်ဒီမြေမှ ခြေစွမ်းမကျသေးတဲ့ ရော်နယ်ဒို


(အားကစား) မေ ၆

ဆော်ဒီပရိုလိဂ်ပွဲစဉ်(၃၀)အဖြစ် ယှဉ်ပြိုင်ခဲ့တဲ့ အယ်လ်နာဆာအသင်းက အယ်လ်ဝယ်ဒါအသင်းကို ၆ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်တွင် အယ်လ်နာဆာအသင်းရဲ့ ပေါ်တူဂီဝါရင့်တိုက်စစ်မှူး ရော်နယ်လ်ဒို က အသင်းအတွက် ဟက်ထရစ်ဂိုး သွင်းယူပေးခဲ့ပါတယ်။

ယခုဟက်ထရစ်ဟာ စီရော်နယ်လ်ဒို အတွက် ကစားသမားဘဝတစ်လျှောက် (၆၆)ကြိမ်မြောက် သွင်းယူနိုင် ခဲ့တဲ့ ဟက်ထရစ်ဖြစ်ပြီး ပြိုင်ပွဲစုံနောက်ဆုံး(၇)ပွဲမှာ (၃)ကြိမ်မြောက် ဟက်ထရစ်သွင်းယူနိုင်ခြင်းလည်း ဖြစ်ခဲ့ပါတယ်။

Telegram»…
https://t.me/positiveanglenews/22326

PAN

SZ