ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုအတွက် တိုက်စစ်မှူးဟာလန်း ထိပ်ဆုံးမှဦးဆောင်


(အားကစား) မေ ၆

မန်စီးတီးအသင်းနဲ့ ဝုဗ်အသင်းတိုကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၃၆)မှာ မန်စီးတီးအသင်းက ဝုဗ်အသင်းကို ၅ ဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး တိုက်စစ်မှူးဟာလန်း က အသင်းအတွက် သွင်းဂိုးလေးဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုရရှိရန် နီးစပ်နေပါတယ်။

တိုက်စစ်မှူး ဟာလန်း က ဝုဗ်အသင်းနဲ့ပွဲစဉ်မတိုင်မီ ပရီးမီးယားလိဂ်သွင်းဂိုး ၂၁ ဂိုးဖြင့် ဒုတိယနေရာမှ ချဲလ်ဆီးအသင်းကစားသမား ပါးလ်မား ကို တစ်ဂိုးအသာဖြင့် ဦးဆောင်နေခဲ့ပေမယ့် ဝုဗ်အသင်းနဲ့ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုးလေးဂိုး သွင်းယူပေးနိုင်ခဲ့တာကြောင့် သွင်းဂိုး ၂၅ ဂိုးနဲ့ ရွှေဖိနပ်ဆုရရှိရန် သေချာခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ဂိုးသွင်းအများဆုံးကစားသမားစာရင်းတွင် ဟာလန်း က သွင်းဂိုး ၂၅ ဂိုးဖြင့် ပထမ၊ ပါးလ်မား နဲ့ အစ်ဆက်ခ် တိုက သွင်းဂိုး ၂၀ ဖြင့် တတိယနေရာတိုမှာ ပူးတွဲရပ်တည်လျက်ရှိနေပါတယ်။

Telegram»…
https://t.me/positiveanglenews/22328

PAN

SZ