မတ္တရာမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီဝင် ၁ ဦးအား အကြမ်းဖက် PDF အဖွဲ့မှ အကြောင်းမဲ့ သတ်ဖြတ်


(ပြည်တွင်း) မေ ၆

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ကျောက်စရစ်တောင်ကျေးရွာနေ (ဘ)ဦးကျော်သန်း ၏ သားဖြစ်သူ ဦးလှမင်း၊ အသက် ၄၂ နှစ်(ပြည်ခိုင်ဖြိုးပါတီဝင်)၊ တစ်ဦးအား ယမန်နေ့ မွန်းလွဲ ၄ နာရီ ၃၀ အချိန်ခန့်က အကြမ်းဖက် PDF အဖွဲ့များမှ အကြောင်းမဲ့ သတ်ဖြတ်သွားကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ သေဆုံးသူသည် ရွာလယ်လမ်းမရှိ စျေးဆိုင်မှ စျေးဝယ်ပြီး နေအိမ်သို့ပြန်လာစဥ် အကြမ်းဖက် PDF ၂ ဦးမှ ဆိုင်ကယ် ၁ စီးဖြင့်နောက်မှ လိုက်ပါလာပြီး သေနတ်ဖြင့် ၂ ချက်ခန့် ပစ်ခတ်ခဲ့​ပြီး၊ ဝမ်းဗိုက်အား ဓါးဖြင့်ထပ်မံထိုးကာ ထွက်ပြေးသွားခဲ့ကြကြောင်း သိရှိရသည်။

ယင်း ပစ်ခတ်မှုကြောင့် ဦးလှမင်း(ပြည်ခိုင်ဖြိုးပါတီဝင်)တွင် ဦးခေါင်း ထိမှန်ဒဏ်ရာ ၁ ချက်၊ ဝမ်းဗိုက် ထိုးသွင်းဒဏ်ရာ ၁ ချက်ဖြင့် အခင်းဖြစ်နေရာတွင်ပင် သေဆုံးသွားခဲ့ရကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews/22320

PAN

SZ