တရုတ်သမ္မတရှီ ပြင်သစ်နိုင်ငံသို့ရောက်ရှိ


မေ ၆

တရုတ်သမ္မတရှီကျင့်ဖျင် နိုင်ငံတော်အဆင့်အလည်အပတ်ခရီးစဉ်အဖြစ် ယမန်နေ့ တနင်္ဂနွေနေ့တွင် ပြင်သစ်နိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး နှစ်ပေါင်း ၆၀ ပြည့်သည့်အထိမ်းအမှတ်ခရီးစဉ်အဖြစ် ပဲရစ်သို့ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာများက ဖော်ပြသည်။
သမ္မတရှီအနေဖြင့် ပဲရစ်တွင် ဆွေးနွေးပွဲတစ်ရပ် ကျင်းပရန်ရှိပြီး EU အကြီးအကဲနှင့် ပြင်သစ်သမ္မတ မက်ခရွန်တို့ အတူတက်ရောက်ရန်ရှိကြောင်း သိရသည်။

နှစ်ရက်ကြာမြင့်မည့် အဆိုပါအလည်အပတ်ခရီးစဉ်တွင် သမ္မတမက်ခရွန်နှင့်လည်း သီးသန့်တွေ့ဆုံရန်ရှိပြီး ယူကရိန်းရုရှားအရေးလည်း ထည့်သွင်းဆွေးနွေးဖွယ်ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews/22319

PAN

SZ