ညောင်ပင်စောက်ကျေးရွာရှိ စည်ပင်အမှိုက်ပုံမီးလောင်ရာမှ ကျေးရွာအတွင်းရှိ နေအိမ် ၁၂ လုံး မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွား


(ပြည်တွင်း) မေ ၆

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ညောင်ပင်စောက်ကျေးရွာရှိ တောင်အင်းမြောက်အင်း စည်ပင်အမှိုက်ပုံတွင် ယနေ့နံနက် ၃ နာရီ ၃၀ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ငြိမ်းသတ်ခဲ့ရာ နံနက် ၅ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မီးထိန်းနိူင်ခဲ့ပြီး အမှိုက်ပုံ မီးလောင်နေသည်ကို ဆက်လက်ငြိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ အမှိုက်ပုံ မီးလောင်ရာမှ အမှိုက်ပုံအနီး ညောင်ပင်စောက်ကျေးရွာရှိ လူနေအိမ် ၁၂ လုံး မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွား ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

မီးလောင်ဆုံးရှူံးခဲ့ရသော အိမ်များမှာ ဦးချမ်း ၏ ၁၅×၁၀ ပေ သွပ်မိုး၊ ထရံကာ၊ မြေစိုက် ၁ ထပ် နေအိမ် ၁ လုံး၊ ဦးလှိုင်ဖြိုး ၏ ၂၅×၁၅ ပေ သွပ်မိုး၊ ထရံကာ၊ မြေစိုက် ၁ ထပ် နေအိမ် ၁ လုံး၊ ဦးမင်းထက်ကိုကို ၏ ၁၅×၃၀ ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက် ၁ ထပ် နေအိမ် ၁ လုံး၊ ဒေါ်သန်းရှိန် ၏ ၃၀×၃၀ ပေ၊ သွပ်မိုး၊ ထရံကာ၊ အုတ်ခင်း ၁ ထပ် နေအိမ် ၁ လုံး၊ ဦးမျိုးဇော် ၏ ၃ဝ×၃၀ ပေ၊ သွပ်မိုး၊ ထရံကာ၊ အုတ်ခင်း ၁ ထပ် နေအိမ် ၁ လုံး၊ ဦးစန်းကို ၏ ၂၅×၂၀ ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဥ်ခင်း ၂ ထပ် နေအိမ် ၁ လုံး၊ ဦးထက်မြတ်သူ ၏ ၁၀×၁၅ ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက် ၁ ထပ် နေအိမ် ၁ လုံး၊ ဒေါ်မာလာဦး ၏ ၁၅×၂၅ ပေ သွပ်မိုး၊ ထရံကာ၊ မြေစိုက် ၁ ထပ် နေအိမ် ၁ လုံး၊ ဦးဇင်ပိုင်ဦး ၏ ၂၀×၂၀ ပေ၊သွပ်မိုး၊ ထရံကာ၊ မြေစိုက် ၁ ထပ် နေအိမ် ၁ လုံး၊ ဒေါ်ယု ၏ ၂၀×၁၀ ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက် ၁ ထပ် နေအိမ် ၁ လုံး၊ ဦးညိုနိုင်ဝင်း၏ ၄၀×၄၀ ပေ၊ သွပ်မိုး၊ ထရံကာ၊ အုတ်ခင်း ၁ ထပ် နေအိမ် ၁ လုံး၊ ဦးနန်းဦး ၏ ၂၀×၃၅ ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက် ၁ ထပ် နေအိမ် ၁ လုံးတို့အပါဝင် လူနေအိမ် ၁၂လုံး မီးလောင်ဆုံးရှူံးခဲ့ပြီး မီးလောင် ဆုံးရှုံးမှုတန်ဖိုး စီစစ်ဆဲဖြစ်ကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews/22321?single

PAN

SZ