ဘရာဇီးလ်တွင် ရေကြီးနစ်မြုပ်မှုကြောင့် ၇၅ ဦးသေဆုံးပြီး ရာနှင့်ချီပျောက်ဆုံးနေ


မေ ၆

ဘရာဇီးလ်နိုင်ငံတောင်ပိုင်း Rio Grande do Sul ပြည်နယ်တွင် ရေကြီးနစ်မြုပ်မှုကြောင့် လူပေါင်း ၇၅ ဦးသေဆုံးပြီး ရာနှင့်ချီပျောက်ဆုံးနေကြောင်း အာဏာပိုင်များက ထုတ်ပြန်ထားသည်။

မိုးသည်းထန်စွာရွာသွန်းပြီး ပျက်စီးမှုများကြောင့် လူပေါင်း ၉၀၀၀၀ နီးပါး အရေးပေါ်ရွှေ့ပြောင်းခဲ့ရပြီး စာသင်ကျောင်းနှင့် အားကစားရုံများတွင် ခိုလှုံနေရကြောင်းသိရသည်။

အဆိုပါရေကြီးမှုတွင် ပြည်နယ်တစ်ခုလုံး လမ်းတံတားများ မျောပါပျက်စီးခဲ့သည့်အပြင် လျှပ်စစ်မီးနှင့်အင်တာနက်များ ပြတ်တောက်ခြင်း လူပေါင်း ၈ ငိန်းကျော် သောက်သုံးရေ ပြတ်တောက်နေကြောင်းသိရသည်။

ရေကြီးနစ်မြုပ်ရာဒေသများသို့ ဘရားဇီးလ်သမ္မတနှင့် အစိုးရအဖွဲ့ဝင်များ သွားရောက်ကြည့်ရှု့ခဲ့ပြီး အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ရန် စီမံနေကြောင်း သတင်းထောက်များအားပြောကြားခဲ့သည်။

Rio Grande do Sul ပြည်နယ်ရှိ Guaiba မြစ်သည် ဒေသစံတော်ချိန် တနင်္ဂနွေနေ့နံနက်ပိုင်းက ၁၇ ပေကျော်အထိ စံချိန်တင်မြင့်တက်ခဲ့ကြောင်းသိရသည်။

Telegram»…
https://t.me/positiveanglenews/22315?single

PAN