ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့အနီးတွင် အကြမ်းဖက် CDF/AA များ၏ အလောင်း၊ လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ


မေ ၆

NLD ပါတီ၏ရွေးကောက်ပွဲမသမာမှု မဲမသမာမှုများ၏နောက်ဆက်တွဲအဖြစ် အကြမ်းဖက်လက်နက်ကိုင် ပုန်ကန်သူများ ပေါ်ပေါက်လာပြီး လက်နက်ကိုင်ပစ်ခတ် တိုက်ခိုက်မှုများ ၊ သတ်ဖြတ်မှုများနှင့် လမ်းတံတားများအား မိုင်းခွဲတိုက်ခိုက်မှု မီးရှို့မှုများအပြင် လူနေအဆောက်အဦများနှင့်အစိုးရရုံးဌာနများကိုလည်း Drop Bomb ဖြင့် ပစ်ချတိုက်ခိုက်မှုများ အကြိမ်ကြိမ်ပြုလုပ်လျှက်ရှိကြောင်း သိရှိရသည်။

ဧပြီလ ၂၅ ရက် နံနက် ၅ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့အနီး နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့များနှင့် အကြမ်းဖက် CDF/AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နယ်မြေအသေးစိတ်ရှင်းလင်းရာ အကြမ်းဖက်အလောင်းနှင့် လက်နက်ခဲယမ်းဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

ယင်း ထိတွေ့တိုက်ပွဲမှ အကြမ်းဖက် CDF/AA ၁၈ လောင်း၊ လက်နက်ငယ်မျိုးစုံ ၁၄ လက်၊ ကျည်အိမ်မျိုးစုံ ၂၆ ခု၊ လက်ပစ်ဗုံး ၅ လုံး၊ မိုင်းမျိုးစုံ ၈ လုံး၊ ကျည်ကာဦးထုပ် ၁၅ လုံး၊ မှန်ပြောင်း ၁ လက်၊ ကျည်ဆံမျိုးစုံ ၁၀၀၀ ခန့်တို့ကို သိမ်းဆည်းရမိကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews/22310

PAN

SZ