ငါန်းဇွန်မြို့နယ်၊ သာယာပေါင်းကျေးရွာရှိ ပြည်ခိုင်ဖြိုးပါတီဝင် တစ်ဦး၏နေအိမ်အား အကြမ်းဖက် PDF အဖွဲ့က လူသတ်ဓါးပြတိုက်


(ပြည်တွင်း)မေ ၆

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ သာယာပေါင်းကျေးရွာနေ ဦးချစ်စန်းမောင်၊ အသက် ၅၁ နှစ်၊(ဘ)ဦးကံလှိုင်၊နေအိမ်အား ယမန်နေ့ နံနက် ၁ နာရီခွဲအချိန်ခန့်က အကြမ်းဖက် PDF အဖွဲ့မှ ဓါးပြတိုက် လူသတ်သွားကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ သေဆုံးသူသည် နေအိမ်၌ရှိနေစဉ် အကြမ်းဖက် PDF အဖွဲ့ဝင် ၆ ဦးမှ ဆိုင်ကယ်များဖြင့်ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်သတ်သွားကြောင်း၊ အဆိုပါ ပစ်ခတ်မှုကြောင့် ဦးချစ်စန်းမောင်မှာ ဦးခေါင်း ပွင့်ထွက်ဒဏ်ရာဖြင် အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

၎င်းနောက် အကြမ်းဖက် PDF များသည် သေဆုံးသူ၏ နေအိမ်အတွင်းရှိ ဆိုင်ကယ် ၁ စီး၊ ဖုန်း ၁ လုံး၊ ရွှေငွေလက်ဝတ်ရတနာပစ္စည်းများနှင့် ငွေကျပ် သိန်း ၆၀ ကျော်အား ယူဆောင်သွားကြောင်း၊ သတ်ဖြတ်ခံရသူ ဦးချစ်စန်းမောင်မှာ ပြည်ခိုင်ဖြိုးပါတီရပ်ကျေး ဥက္ကဋ္ဌ တစ်ဦးဖြစ်ကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews/22318

PAN