နွားထိုးကြီးမြို့နယ်၊ ဝက်လူးနယ်မြေရဲစခန်းအား အကြမ်းဖက်အဖွဲ့များက Drone ဖြင့် Drop Bomb ချ တိုက်ခိုက်


(ပြည်တွင်း) မေ ၆

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီမြို့နယ်၊ ဝက်လူးနယ်မြေ ရဲစခန်းအား ယနေ့နံနက် ၈ နာရီ ၅၀ မိနစ်အချိန်ခန့်က ရဲစခန်း၏အနောက်ဘက် ၄ ဖာလုံခန့် အကွာရှိ ဝက်လူး(အနောက်)ကျေးရွာ၊ သင်္ချိုင်းကုန်းအနီးမှ အကြမ်းဖက်အဖွဲ့ အင်အား(စီစစ်ဆဲ)က Drone ဖြင့် Drop Bomb ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ Drop Bomb သည် ရဲစခန်းဝင်းအတွင်းရှိ ၆ ခန်းတွဲ၊ ၂ ထပ်ဆောင်အပေါ် ထပ်၊ လိုင်းခန်းပေါ်သို့ Drop Bomb ၁ လုံး၊ ရဲစခန်းဝင်း အနောက်ဘက် မီတာ ၅၀ ခန့်တွင် Drop Bomb ၅ လုံး၊ စုစုပေါင်း Drop Bomb ၆ လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

နေအိမ် လိုင်းခန်းပေါ်သို့ Drop Bomb ၁ လုံး ကျရောက်ပေါက်ကွဲမှုကြောင့် ၁၇×၃ ပေ၊ သွပ် ၂ ချပ်၊ မျက်နှာကြက် ၂×၂ ပေ၊ ၅ ချပ်ပျက်စီးဆုံးရှုံးခဲ့ပြီး တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိခဲ့ကြောင်း၊ Drone သည် ဝက်လူး (အနောက်)ကျေးရွာ၊ သင်္ချိုင်းကုန်းဘက်မှ ပျံသန်းလာပြီး လာရာလမ်းကြောင်းအတိုင်း ပြန်လည် ပျံသန်းသွားသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များမှ လိုက်လံ ရှင်းလင်းလျက်ရှိကြောင်း သိရှိရသည်။

Telegram>>…
https://t.me/positiveanglenews/22331?single

PAN

ZN #SZ