ဆင်ပေါင်ဝဲမြို့နယ်၊ မွန်းစကျေးရွာတွင် အပြစ်မဲ့ပြည်သူတစ်ဦးအား အကြမ်းဖက် PDF များမှ အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်


(ပြည်တွင်း) မေ ၆

ယမန်နေ့ နေ့လည် ၃ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ၏ အရှေ့တောင်ဘက် (၅၃) မိုင်ခန့်အကွာရှိ မွှန်းစကျေးရွာနေ ဦးတင်မိုးဝင်း၊ အသက် ၃၄ နှစ်၊ (ဘ)ဦးသောင်းမြင့်သည် ၎င်း၏ နေအိမ်တွင်ရှိနေစဉ် အကြမ်းဖက် PDF ၅ ဦးမှ ဆိုင်ကယ် ၃ စီး သေနတ်အရှည် ၅ လက်ဖြင့် ရွာ၏အရှေ့ဘက်မှ ဝင်ရောက်လာပြီး နေအိမ်အတွင်းသို့ ဝင်ရောက်ကာ ဦးတင်မိုးဝင်းအား အကြောင်းမဲ့သက်သက် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရှိရသည်။

အဆိုပါ ပစ်ခတ်သတ်ဖြတ်မှု့ကြောင့် ဦးတင်မိုးဝင်းသည် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားကြောင်းသိရပြီး အကြမ်းဖက် PDF များသည် ရွာ၏အရှေ့ဖက်သို့ ပြန်လည် ထွက်ပြေးသွားကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews/22325

PAN

LZA

#SZ