ဆီဆိုင်မြို့နယ်၌ အကြမ်းဖက်သောင်းကျန်းသူများက ဆီဆိုင်-စံကားလမ်း(ဆီဆိုင်မြို့နှင့် ဝိန်းကောင်ရွာကြား)ရှိ တံတားအမှတ် ၅/၅ ဝိန်းကောင်သံကူကွန်ကရစ်တံတားအား မိုင်းထောင်ဖောက်ခွဲ


မေ ၆

ဒေသအတွင်း လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပြည်သူများ ခရီးသွားလာမှု လွယ်ကူမြန်ဆန်စေရေးအတွက် အခြေခံအဆောက်အအုံဖြစ်သည့် လမ်း/တံတားများ ဖောက်လုပ်တည်ဆောက် ပေးလျက်ရှိရာ အကြမ်းဖက်သောင်းကျန်းသူများက လမ်း/တံတားများအား လက်လုပ်မိုင်း၊ လက်လုပ်ဗုံးများဖြင့် မိုင်းထောင်ဖောက်ခွဲ၊ တိုက်ခိုက်ခြင်းများကို ဆင်ခြင်တုံတရား နည်းပါးစွာဖြင့် ကျူးလွန်ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခြင်းများပြုလုပ်လျက်ရှိရာ ဧပြီလ ၂၈ ရက်နေ့ နေ့လယ် ၁ နာရီ ၃၀ မိနစ်ခန့်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ဆီဆိုင်မြို့နယ်၊ ဆီဆိုင်-စံကားလမ်း(ဆီဆိုင်မြို့နှင့် ဝိန်းကောင်ရွာကြား)ရှိ တံတားအမှတ် ၅/၅ ဝိန်းကောင်သံကူ ကွန်ကရစ်တံတားအား KNDF အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့သဖြင့် ပေါက်ကွဲမှုကြောင့် ဆီဆိုင်ဘက်ခြမ်းတံတားအဝင်ကြမ်းခင်းနှင့် တံတားယက်မ ပျက်စီးခဲ့မှုကြောင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်ခြင်း မရှိကြောင်း သိရှိရသည်။

ထိုသို့ အများပြည်သူ သွားလာအသုံးပြုလျက်ရှိသည့် သံကူကွန်ကရစ်တံတားအား မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews/22309

PAN

SZ