ဘူးသီးတောင်မြို့၊ မြို့ပေါ်ရပ်ကွက်များမှ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းရေးကို လိုလားသည့် ဘင်္ဂါလီလူမျိုးများ AA အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက် လုပ်ရပ်များအပေါ် ကန့်ကွက်ဆန္ဒပြ


မေ ၆

ရခိုင်ပြည်နယ်အတွင်း၌ ဒေသခံပြည်သူများအနေဖြင့် အေးချမ်းစွာနေထိုင်လုပ် ကိုင်စားသောက်လျက်ရှိသည်ကို AA အကြမ်းဖက်သောင်းကျန်းသူများက မနာလိုမရှု စိတ်ဖြင့် စစ်ရေးပစ်မှတ် မဟုတ်သောမြို့၊ ရွာများနှင့် ရပ်ကွက်များအတွင်းသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့မှုများကြောင့် အပြစ်မဲ့ ဒေသခံပြည်သူအချို့သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့မှု ဖြစ်ပေါ်ခဲ့ကြောင်း သတင်းများ ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

ထိုသို့ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များကို လုံးဝလက်မခံဘဲ ဆန့်ကျင်ကန့်ကွက်မှုများ ဆောင်ရွက်လျက်ရှိရာ မေလ ၄ ရက် ညနေပိုင်းတွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၊ မြို့ပေါ်ရပ်ကွက်များမှ ဒေသတည်ငြိမ် အေးချမ်းရေးနှင့် ငြိမ်းချမ်းရေး ကိုလိုလားသော ဘင်္ဂါလီလူမျိုး အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၂၀၀၀ ဦးခန့်သည် အဆိုပါမြို့ရှိ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းနေရာသို့ စုဝေးရောက်ရှိလာပြီး ၎င်းနေရာမှ မေယုလမ်းမကြီးအတိုင်း နတ်ပင်ရင်းလမ်းဆုံ၊ ၎င်းမှ အေးစေတီလမ်းဆုံနှင့် ဘောလုံးကွင်းလမ်းအတိုင်း၊ ၎င်းနေရာမှ မူလစုရပ်နေရာသို့ ငြိမ်းချမ်းစွာလှည့်လည်၍ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ထိုသို့ ဆန္ဒဖော်ထုတ်ရာတွင် “AA အလိုမရှိ၊ ဘင်္ဂါလီလူမျိုးများအား အစုလိုက် အပြုံလိုက် သတ်ဖြတ်သည့် AA အဖွဲ့အား ICJ အရေးယူပေးပါ၊ AA အကြမ်းဖက်အဖွဲ့ ဘင်္ဂါလီလူမျိုးများအား လူသားဒိုင်းပြုလုပ်မှု ချက်ချင်းရပ်၊ AA အကြမ်းဖက်အဖွဲ့ ဘင်္ဂါလီကျေးရွာ၊ ရပ်ကွက်များအား လက်နက်ကြီးဖြင့် ပစ်ခတ်မှုချက်ချင်းရပ်၊ AA အကြမ်းဖက်အဖွဲ့ တိုက်ပွဲရှောင်နေရာများအား လက်နက်ကြီးဖြင့်ပစ်ခတ်မှု ချက်ချင်းရပ်” စသည့် စာသားများပါ ဆိုင်းဘုတ်များ ကိုင်ဆောင် မြန်မာ/ဘင်္ဂါလီ နှစ်ဘာသာဖြင့် ကြွေးကြော်၍ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်၍ ဆန္ဒထုတ်ဖော် ခဲ့ကြကြောင်း သတင်း ရရှိသည်။

Telegram»…
https://t.me/positiveanglenews/22308

PAN

SZ