လူမှုမီဒီယာကို ထိန်းချုပ်ရန်လိုအပ်ကြောင်း ဂျပန်ပြည်သူ ၈၅ ရာခိုင်နှုန်းယုံကြည်


(ပြည်တွင်း) မေ ၅

ဂျပန်နိုင်ငံမှပြည်သူ ၈၅ ရာခိုင်နှုန်းက လူမှုမီဒီယာကို ဥပဒေဖြင့်ထိန်းချုပ်ရန် လိုအပ်ကြောင်း ယုံကြည်သည်ဟု ဂျပန်သတင်းစာတစ်စောင်က ဖော်ပြထားသည်။

အထူးသဖြင့် သတင်းအမှားများ၊ အသရေဖျက်မှုများနှင့် အခြားသော မကောင်းသည့်အမူအကျင့် များဖြစ်ပေါ်မှုကို တားဆီးကာကွယ်နိုင်ရေးအတွက် လူမှုမီဒီယာကို ထိန်းချုပ်ရန်လိုအပ်ခြင်းဖြစ်ကြောင်း ပြည်သူများက ယုံကြည်သည်ဟု စစ်တမ်းကောက်ယူခဲ့သော အဆိုပါသတင်းစာကဖော်ပြထားသည်။

သို့သော် စစ်တမ်းတွင်ပါဝင်သူ လူဦးရေ ၁၁ ရာခိုင်နှုန်းက လူမှုမီဒီယာကို ဥပဒေဖြင့်ထိန်းချုပ်ရန် မလိုအပ်ကြောင်း ပြောထားသည်။

လူမှုမီဒီယာကို ဥပဒေဖြင့်ထိန်းချုပ်ရန် လိုအပ်သည်ဟု ယုံကြည်သူ ၈၅ ရာခိုင်နှုန်းအနက် ၆၇ ရာခိုင်နှုန်းက ဥပဒေအရအပြစ်ပေးခြင်းကို လိုအပ်ကြောင်း၊ ၃၀ ရာခိုင်နှုန်းက စီးပွားရေး လုပ်ငန်းများနှင့် အခြားသူများ၏ အပြစ်ပေးဒဏ်ခတ်မှုကို လိုအပ်ကြောင်းယုံကြည်သည်ဟု ပြောခဲ့သည်။

ယနေ့အချိန်အခါတွင် လူမှုမီဒီယာသည် အသုံးပြုသူများ၏ အကြိုက်ကိုလိုက်၍ သတင်းအချက်အလက် များကို အလိုအလျောက် တင်ဆက်ပေးနေခြင်း ဖြစ်သည်။

ထိုကြောင့် ပြည်သူအများစုအနေဖြင့် အမှန်တကယ် သိသင့်သိထိုက်သည့် သတင်းများကို မသိရှိရတော့ကြောင်း သတင်းစာက ဆက်လက်ဖော်ပြထားသည်။

Telegram>>…
https://t.me/positiveanglenews/22293?single

PAN

SZ