ဓားစာခံသဘောတူညီချက် နောက်ဆုံးအဆင့်ပေါ်အမေရိကန်မှ ကတိပြုမှုသတင်းများ ထွက်ပေါ်ပြီးနောက် အစ္စရေးက ဓားစာခံသဘောတူညီချက်တွင် စစ်ပွဲကို အဆုံးသတ်မည် မဟုတ်ဟု ပြောကြားခဲ့

မေ ၅

    အပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံများ လွတ်
မြောက်ရေး သဘောတူညီချက်အတွက် ဟားမတ်
စ်၏ နောက်ဆုံး အဆိုပြုချက်အား လာမည့် နာရီ
အနည်းငယ်အတွင်း အတည်ပြုမည်ဟု ပါလက်စ
တိုင်း Al-Quds သတင်းစာက ဖော်ပြခဲ့သည်။
ဆော်ဒီ Asharq သတင်းစာကလည်း သဘောတူညီချက်တစ်ခု နီးကပ်လာပြီဖြစ်ပြီး လာမယ့်နာရီပိုင်းအတွင်း ဟားမတ်စ်က ၎င်း၏တုံ့ပြန်မှုကို ကြေညာမည်ဟု ပဲ့တင်ထပ် ဖော်ပြထားသည်။

     ဂါဇာကမ်းမြှောင်မှ အစ္စရေးတပ်များ ရုပ်သိမ်းမှု မရှိခင် ပထမအဆင့်ကို သဘောတူရန် ဆန္ဒရှိမှုအား အစီ ရင်ခံစာတွင် ဖော်ပြထားသော အမည်မဖော်လိုသူ ဟားမတ်စ် သတင်းရင်းမြစ်တစ်ခုက ” အသက်ရှင်လျှက် ရှိသည့် IDF စစ်သည် ပြန်ပေးဆွဲ ခံထားရသူအချို့၏ အထောက်အထားများဖြင့် ပိုမိုအားကောင်းသည့် ကတ်များကို ကိုင်ဆောင်ထားနိုင်ဆဲ ဖြစ်သည်ဟု ယုံကြည်သောကြောင့်” ဖြစ်သည်ဟု ပြောကြားခဲ့သည်။

      သဘောတူညီချက်၏ တတိယအဆင့်ကို ပြီး မြောက်သောအခါ အစ္စရေးက အကြိမ်ကြိမ် ငြင်းဆိုထားသည့် အခြေအနေတစ်ရပ်မှာ ဂါဇာကမ်းမြှောင်မှ အစ္စရေး တပ်ဖွဲ့များ အားလုံးကို ရုပ်သိမ်းမည်ဟု အမေရိကန်က အာမခံထားမှုအား သတင်းဌာန ၂ ခုလုံးအပြင် အစောပိုင်း Channel 12 အစီရင်ခံစာတွင် ဖော်ပြထားသည်။

      သို့သော်လည်း စစ်ပွဲ အဆုံးသတ်ရန် အမေရိကန် ၏ အာမခံချက်များနှင့် ပတ်သက်၍ အာရပ်မီဒီယာ အစီရင်ခံစာများ၌ ဖော်ပြထားသော သဘောတူညီချက်များကို အစ္စရေးက ပြန်လည် သုံးသပ်ခြင်း မရှိသေးဟု ဆွေးနွေးပွဲနှင့် နီးစပ်သည့် အမည်မဖော်လိုသည့် အစ္စရေးသတင်းရင်းမြစ်အား Kan ရုပ်သံသတင်းဌာနမှ ကိုးကားဖော်ပြခဲ့သည်။

အောက်တိုဘာလ ၇ ရက်နေ့ ကတည်းက ဂါဇာရှိ အကြမ်းဖက်အဖွဲ့များမှ ဖမ်း ဆီးထားသော ဓားစာခံများနှင့် လဲလှယ်ပေးသည့် ပါလက်စတိုင်း လုံခြုံရေးအကျဉ်းသား အရေ အတွက်နှင့် ပတ်သက်ပြီး ပါလက် စတိုင်း လုံခြုံ ရေး အကျဉ်းသားအရေအတွက်ကို ညှိနှိုင်းရန် အီဂျစ်နှင့် ကာတာ ဖျန်ဖြေသူများ၊ ဟားမတ်စ်နှင့် အစ္စရေး ကိုယ်စားလှယ်အဖွဲ့များအကြား မကြာ ခဏ ဆက်သွယ်မှုများ ရှိနေသည်ဟု ပါလက်စတိုင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

        နောက်ဆုံး အဆိုပြုချက်၌ ပထမ အဆင့်သည် အောက်တိုဘာ ၇ ရက်နေ့ ကတည်းက ဖမ်း ဆီးထိမ်းသိမ်းထားသည့် ဂါဇာကမ်းမြှောင်ဒေသရှိ အစ္စရေး ဓားစာခံ ၁၂၈ ဦးအနက် ၃၃ ဦးကို စတင်လွှတ်ပေးပြီး ဂါဇာကမ်းမြှောင်ဒေသမှ IDF ဆုတ်ခွာရေး ရက်ပေါင်း ၄၀ သတ်မှတ်ထားပြီး  ဒုတိယအဆင့်သည် ၄၂ ရက် ကြာမြင့်မည်ဖြစ်ပြီး ကျန်ရှိသော ဓားစာခံတွင် များအားလုံး လွှတ်ပေးရန်နှင့် ဂါဇာကမ်းမြှောင်ဒေသ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်သက်မှုရရှိရန် အစီ အစဉ်များ ပြီး မြောက်စေမည့်လုပ်ငန်းစဉ်များကို ဆောင်ရွက်မည်ဖြစ်သည်။

     နောက်ဆုံးနှင့် တတိယအဆင့်သည် အလောင်းများ လဲလှယ်ခြင်းကို မြင်တွေ့ ရမည်ဖြစ်ပြီး ၄၂ ရက် ကြာ မြင့်မည် ဖြစ်ကြောင်း၊ ဟားမတ်စ်သည် သီတင်း ပတ်ကုန်၌ အဖွဲ့အစည်း အားလုံးနှင့် သဘောတူညီသည့် သဘောတူညီချက်တစ်ရပ် ရရှိနိုင်လိမ့်မည်ဟု မျှော် လင့်မှုကို သတင်းရင်းမြစ်များအား ကိုးကား၍ Al-Quds အစီရင်ခံစာမှ ဖော်ပြခဲ့သည်။

      သို့သော် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ဟားမတ်စ်၏ တုံ့ပြန်မှုရရှိခဲ့ပြီး တစ်ရက်အကြာတွင် ဂါဇာတွင် စစ်ပွဲအောင်မြင်သည်အထိ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ၎င်းက အစ္စရေးသည် စစ်ပွဲကို အဆုံးတိုင်မည်မဟုတ်ကြောင်းနှင့် ဟားမတ်စ်အဖွဲ့အား ပြန်လည်စေ လွှတ်ပြီးနောက် တစ်ရက်အကြာတွင် ဟားမတ်စ်အဖွဲ့အား အပစ်အခတ်ရပ်စဲရေးဖြစ်နိုင်ခြေအပေါ် သံသယဖြစ်ပုံရသော မှတ်ချက်စကားဖြင့် ဟားမတ်စ်ကို “အလုံးစုံအောင်ပွဲ” အထိ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု Aljazeera သတင်းတွင် ဖော်ပြထားသည်။

#PAN