လက်ရှိရာသီ လာလီဂါအကောင်းဆုံးအသင်းရွေးချယ်ရန် ထုတ်ပြန်ခဲ့သည့်စာရင်းတွင် ရီးယဲလ်အသင်းမှ ကစားသမား ၈ ဦးအထိပါဝင်


(ပြည်တွင်း) မေ ၅

လက်ရှိရာသီ လာလီဂါအကောင်းဆုံးအသင်းရွေးချယ်ရန် ဆန်ခါတင်ကစားသမားစာရင်းကို လာလီဂါ အဖွဲချုပ်ကထုတ်ပြန်ခဲ့ရာ ချန်ပီယံဆုရရှိရန်နီးစပ်နေသော ရီးယဲလ်မက်ဒရစ်အသင်းမှ ကစားသမား ၈ ဦးအထိ ပါဝင် ခဲ့ပါတယ်။

လာလီဂါအဖွဲ့ချုပ်မှ ထုတ်ပြန်ခဲ့သည့်စာရင်းတွင် စုစုပေါင်းကစားသမား ၅၀ ဦး ပါဝင်ခဲ့ပြီး ဂိုးသမား ၃ ဦး၊ နောက်တန်း ၁၆ ဦး၊ အလယ်တန်း ၁၂ ဦး၊ တိုက်စစ် ၁၉ ဦး ပါဝင်ခဲ့ခြင်းဖြစ်ပါတယ်။

ရီးယဲလ်အသင်းမှ ရွေးချယ်ခံခဲ့ရသည့် ကစားသမား ၈ ဦးမှာ လူနင်၊ ရူဒီဂါ၊ ကာဗာဟယ်လ်၊ ဘယ်လင်ဟမ်၊ ဗယ်လ်ဗာဒီ၊ တိုနီကရူးစ်၊ ရိုဒရီဂို နှင့် ဗင်နီစီယပ်စ် တို့ဖြစ်ပါတယ်။

ဒုတိယအများဆုံး ရွေးချယ်ခံရသည့်အသင်းမှာ ၆ ဦးစီ ရွေးချယ်ခံရသည့် ဘာစီလိုနာနှင့် ဂျီရိုနာအသင်းတို့ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းမှ ရွေးချယ်ခံရသူ များမှာ အာရူဟို၊ ကန်ဆယ်လို၊ ဂန်ဒိုဂန်၊ ဒီယွန်း၊ ယာမယ်လ် နှင့် လီဝန်ဒေါစကီး တိုဖြစ်ပါတယ်။ ဂျီရိုနာအသင်းမှ ရွေးချယ်ခံရသူများမှာ ဘလင်း၊ မီဂွယ်လ်၊ ယန်ကော်တို၊ ဂါစီယာ၊ ဆာဗီယို နှင့် ဒေါ့ဗ်ဘိခ် တို့ဖြစ်ပါတယ်။

မန်ယူအသင်းမှ ဂီတာဖေးအသင်းထံ အငှားသွားရောက်ကစားနေသည့် အင်္ဂလန်တိုက်စစ်ကစားသမား ဂရင်းဝုဒ် မှာလည်း ယခုစာရင်းတွင် ရွေးချယ်ခံခဲ့ရ ကြောင်း သိရပါတယ်။

လာလီဂါအဖွဲ့ချုပ်သည် ၂၀၂၃-၂၄ ရာသီ လာလီဂါအကောင်းဆုံးအသင်းကို ပရိသတ်များ၏ ဆန္ဒမဲအပေါ် အခြေခံရွေးချယ်သွားမည်ဖြစ်ပြီး အွန်လိုင်းမှတစ်ဆင့် မေလ ၅ ရက်အထိ မဲပေးခွင့်ရရှိမှာ ဖြစ်ပါတယ်။

မဲအများဆုံးရရှိသူများနှင့် အကောင်းဆုံးအသင်းဖွဲစည်းကာ ထုတ်ပြန် ကြေညာပေးသွားမည်ဖြစ်ကြောင်း လာလီဂါအဖွဲချုပ်က အဆိုပါအွန်လိုင်းစာမျက်နှာတွင် ဖော်ပြထားပါတယ်။

Telegram>>…
https://t.me/positiveanglenews/22282

PAN

SZ