စူပါလိဂ်ချန်ပီယံဆု လက်လျှော့လိုက်ရပြီဖြစ်ကြောင်း ချယ်လ်ဆီးအမျိုးသမီးအသင်းနည်းပြ အမ်မာဟေးစ် ဝန်ခံ


(ပြည်တွင်း) မေ ၅

လက်ရှိ အင်္ဂလန်အမျိုးသမီးစူပါလိဂ်ပြိုင်ပွဲ၏ အကောင်းဆုံးအသင်းအဖြစ် ရပ်တည်နေတဲ့ ချယ်လ်ဆီး အမျိုးသမီးအသင်းနည်းပြ အမ်မာဟေးစ် က ယခုရာသီ အမျိုးသမီးစူပါလိဂ်ချန်ပီယံဆုကို လက်လျှော့လိုက်ရပြီ ဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။

မေလ ၁ ရက်က ယှဉ်ပြိုင်ကစားသည့် ပွဲစဉ်(၂၀)တွင် ချယ်လ်ဆီးအသင်းက လီဗာပူးလ်အသင်းအား အဝေးကွင်းမှာ ၃ ဂိုး၊ ၄ ဂိုးနဲ့ ရှုးနိမ့်ခဲ့ပါတယ်။

၂၀၂၃-၂၀၂၄ ရာသီ အမျိုးသမီး စူပါလိဂ်ပြိုင်ပွဲပြီးဆုံးရန် ပွဲစဉ်နှစ်ပွဲသာကျန်ရှိတော့ပြီး မန်စီးတီးအသင်းက ပွဲ ၂၀ ကစား၊ ၅၂ မှတ်ဖြင့် ဦးဆောင်နေကာ ချယ်လ်ဆီးအသင်းက တစ်ပွဲလျော့၊ ၄၆ မှတ်ဖြင့် ဒုတိယနေရာမှာ ရပ်တည်နေကာ မန်စီးတီးအသင်းအနေဖြင့် တစ်ပွဲအနိုင်ရပါက ချန်ပီယံဆုရယူနိုင်မှာ ဖြစ်တာကြောင့် အမ်မာဟေးစ် က ယခုလိုဝန်ခံခဲ့ခြင်းဖြစ်ပါတယ်။

Telegram>>…
https://t.me/positiveanglenews/22283

PAN

SZ