ရုရှားနိုင်ငံမှ သီလဝါတွင်အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်နိုင်ရန် လာရောက်ဆွေးနွေး


(ပြည်တွင်း) မေ ၅

သီလဝါအထူးစီးပွားရေးဇုန်မှာ ရုရှားနိုင်ငံက လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရန် မေလ ၂ ရက် နေ့လယ်ပိုင်းက ဆွေးနွေး မှုများဆောင်ရွက်ခဲ့တယ်လို့ သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီကနေ သိရပါတယ်။

ရုရှားနိုင်ငံ စီးပွားရေးကိုယ်စားလှယ်အဖွဲ့က ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်တွေနဲ့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ပြီး ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ထိုင်းနိုင်ငံမှ စီးပွားရေးကိုယ်စားလှယ်အဖွဲ့က ရင်းနှီးမြှုပ်နှံဖို့ လာရောက်ဆွေးနွေးခဲ့တာ ရှိပါတယ်။

သီလဝါအထူးစီးပွားရေးစက်မှုဇုန်တွင် နိုင်ငံပေါင်း ၂၁ နိုင်ငံက လာရောက်ရင်းနှီးမြှုပ်နှံနေတာဖြစ်ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံထားတယ်လို့ သိရပါတယ်။

Telegram>>…
https://t.me/positiveanglenews/22281

PAN

SZ