ဟားမတ်စ်သည် အီဂျစ်ကြားဝင်ဖျန်ဖြေရေး အဆိုပြုချက်ကို မကြာမီ သဘောတူညီမှုရမည်ဟု ကြေညာခဲ့

မေ ၅

    ဟားမတ်စ်က အီဂျစ်ဖျန်ဖြေရေး အဆိုပြုချက်
သဘောတူညီမှုအား မကြာမီ ကြေညာတော့မည်ဟု စနေနေ့က အာရပ်မီဒီယာ အစီရင်ခံစာများ တွင် ဖော်ပြခဲ့သည်။ ပါလက်စတိုင်း သတင်းစာ Al- Quds က ကြေညာချက်သည် ရက်ပိုင်းအတွင်း ထွက်ပေါ်လာမည်ဟု ဖော်ပြ၍ ကာတာအစိုးရနှင့် မိတ်ဖက် Al-Sharq သတင်းစာက နာရီပိုင်းအတွင်း ထွက်ပေါ်လာမည်ဟု ဖော်ပြခဲ့သည်။

      အီဂျစ်နှင့် ကာတာရှိ ကြားဝင်ဖျန်ဖြေရေးညီအစ်ကိုများနှင့် အဆက်အသွယ်ရရှိမှုကြောင့် ဟားမတ်စ်ကိုယ်စားလှယ်အဖွဲ့သည် ဆွေးနွေးမှုများ အပြီးသတ်ရန် စနေနေ့ နံနက်တွင် ကိုင်ရိုမြို့သို့ ရောက်ရှိလာမှုအား A-Sharq မှ ဖော်ပြခဲ့သည်။ ဟားမတ်စ် က ၎င်း၏ အဓိကအာရုံစိုက်မှုသည် အမျိုးသား သဘောတူညီမှုရရှိရေးနှင့် ကမ်းမြှောင် ပြန်လည် တည်ဆောက်ရေးဖြစ် သည်ဟု ပြောကြားခဲ့ကြောင်း သိရပါသည်။

     မကြာသေးမီ နာရီပိုင်းအတွင်း အီဂျစ်၊ ကာတာ၊ အစ္စရေးနှင့် ဟားမတ်စ်တို့သည် သဘောတူညီချက်၌ လွှတ်ပေးမည့် အကျဉ်းသားအရေ အတွက်အပေါ် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟုလည်း သတင်းများရရှိထားသည်။ Al-Quds အစီရင်ခံစာအရ ဟားမတ်စ်သည် စစ်ပွဲကို အပြီး တိုင်ရပ်စဲရန်နှင့် သဘောတူညီချက်၏ တတိယအဆင့်တွင် ဂါဇာကမ်းမြှောင်မှ IDF ဆုတ်ခွာခြင်းအတွက် အမေရိကန်အာမခံချက်ကိုလည်း ရရှိခဲ့သည်ဟု သတင်းများကဆိုသည်။ ဟားမတ်စ်က အမြဲတမ်းအပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲများ အတွက် IDF အကြီးတန်းအရာရှိများကို ဓားစာခံအဖြစ် ထိန်းသိမ်းထားဆဲ ဖြစ်သောကြောင့် အမြဲ တမ်း အပစ်အခတ်ရပ်စဲရန် ကြိုတင်သတ်မှတ်ချက်အဖြစ် မလိုအပ်ဟုလည်း ပြောကြားခဲ့သည်။

       ဟားမတ်စ် အကြီးတန်း အရာရှိတစ်ဦးက စနေနေ့ နံနက်တွင် N12 သို့ ဓားစာခံ သဘောတူညီချက်၏ ပထမအဆင့်ကို အကောင်အထည် ဖော်ရန် ဟားမတ်စ်ခေါင်းဆောင်ပိုင်းမှ အတည်ပြုခဲ့သည်ဟု ပြောကြားခဲ့သည်။ အစီရင်ခံစာအရ အစ္စရေးသည် သဘောတူညီချက် ပြီးဆုံးပါက ဂါဇာကမ်းမြှောင်မှ လုံးဝနှုတ် ထွက်မည်ဟု အမေရိကန်၊ ကာတာနှင့် အီဂျစ်တို့မှ အာမခံချက်ကြောင့် ဖြစ်ပေါ်လာပုံရကြောင်း သိရပါသည်။

     အာရပ်မီဒီယာများ၏ အစီရင်ခံစာများကို ကိုး
ကား၍ အစ္စရေးသတင်းစာ Maariv က ဟားမတ်စ်သည် အမေရိကန်၏ အာမခံချက်များကိုကျေနပ်လက်ခံခဲ့သည်ဟု ဆော်ဒီအကြီးတန်းအရာရှိတစ်ဦးအတည်ပြုခဲ့သည်။ CIA ဒါရိုက်တာ William Burns သည် စနေနေ့၌ ကိုင်ရိုသို့ ပြန်လာပြီး ဟားမတ်စ် အကြီးတန်း ညှိနှိုင်းရေး အဖွဲ့နှင့် တွေ့ဆုံမည်ဟု N12 အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

    အစ္စရေးသည် သဘောတူညီချက်၏ မည်သည့် နေရာတွင်မဆို Rafah အတွင်းသို့ ဝင်ရောက်မှု မပြုသည်မှာ အဆိုပါ အာမခံချက်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု သတင်းရင်းမြစ်က ဆိုသည်။ ဓားစာခံများနှင့် ပါလက်စတိုင်းအကျဉ်းသား အရေအတွက် အပေါ် အပေးအယူ ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်ဟု ၎င်းက အတည် ပြုခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN