တိုက်ကြီးမြို့နယ်တွင် လယ်သမားနှစ်ဦး မိုးကြိုးပစ်ခံရ၍ သေဆုံး


(ပြည်တွင်း) မေ ၅

တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဆင်ခြံကျေးရွာအုပ်စု၊ ဘဝသစ်စီမံကိန်း အိုင်ကလောင်ကျဉ်းစခန်းနောက်ကြောတွင် ယနေ့ မွန်းလွဲ ၄ နာရီခွဲ အချိန်ခန့်က အချိန်အခါမဟုတ် မိုးရွာသွန်းပြီး မိုးသီး(အသေး)များကြွေကျခြင်း၊ လေကြမ်းတိုက်ခတ်ခြင်း၊ မိုးကြိုးပြစ်ခြင်းကြောင့် လယ်သမား ၂ ဦး မိုးကြိုးထိမှန်သဖြင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဥ်မှာ သစ်ပင်အောက်တွင် လယ်ထွန်ရန် စောင့်နေသော ဦးသန်းနိုင်ဦး၊ အသက် ၄၄နှစ်၊ (ဘ)ဦးအောင်သန်း ပဉ္စာလှရွာ၊ အုပ်ပုံစုရပ်ကွက်နေသူနှင့် ဦးထက်လင်းနိုင်၊ အသက် ၂၄နှစ်၊ (ဘ)ဦးခင်မောင်ဇင် ဥက္ကံကံကုန်းကျေးရွာအုပ်စုနေသူတို့မှာ မိုးကြိုးထိမှန်ခဲ့၍ သေဆုံးခဲ့ပါကြောင်း ကနဦး သိရှိရသည်။

Telegram>>…
https://t.me/positiveanglenews/22301

PAN

SZ