ဧကာဒသမအကြိမ် သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲ နောက်ဆုံးအဆင့်ကို ရန်ကုန်မြို အမျိုးသားဇာတ်ရုံ၌ ကျင်းပမည်


(ပြည်တွင်း) မေ ၅

မြန်မာနိုင်ငံလုံးဆိုင်ရာ ဧကာဒသမအကြိမ် သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲ နောက်ဆုံးအဆင့်ကို ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ မေလ ၂၈ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ဖြေဆိုပူဇော်ပွဲ ကျင်းပရေးကော်မတီမှ သိရပါတယ်။

အဆိုပါပူဇော်ပွဲတွင် ပြိုင်ပွဲဝင်များအနေဖြင့် မဟာဗုဒ္ဓဝင်ခြောက်တွဲရှစ်အုပ်၊ ယဉ်ကျေးမှု၊ အခြေခံဗုဒ္ဓဝင်၊ အဘိဓမ္မာ၊ ဇာတ်နိပါတ်၊ ထေရဝါဒသမိုင်း၊ ပါဠိအဘိဓာန်နှင့် သာသနာအထွေထွေဗဟုသုတ(အမြန် မေး/ဖြေနှင့် အထူးဆုအတွက်) စသည့် ဘာသာရပ်များကို ကြိုတင်လေ့လာထားရမှာဖြစ်ပါတယ်။

ရှုးထွက်အဆင့် ရေးဖြေစာမေးပွဲ ပွဲစဉ်(၁)ကို မေလ ၂၄ ရက် နံနက်ပိုင်းတွင် ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲဝင်များအနေနဲ့ မိုဘိုင်းဖုန်း၊ ကွန်ပျူတာ၊ တက်ဘလက် စသည့် မိမိ နှစ်သက်ရာဖြင့် ဖြေဆိုနိုင်မှာဖြစ်ပါတယ်။

အဆိုပါပွဲစဉ်(၁)မှ အောင်မြင်လာသူ ၂၆ ဦးကို ကွာတားဖိုင်နယ်အဆင့် ပွဲစဉ် (၂)တွင် အုပ်စုနှစ်စုခွဲကာ ရေးဖြေယှဉ်ပြိုင်စေမည်ဖြစ်ပြီး ဆီမီးဖိုင်နယ်အဆင့် ပွဲစဉ်(၃)တွင် ပြိုင်ပွဲဝင် ၁၀ ဦးအနက် ခြောက်ဦးကို ထပ်မံရွေးချယ်မှာ ဖြစ်ပါတယ်။

ဖြေဆိုပူဇော်ပွဲနောက်ဆုံးအဆင့် အမေး၊ အဖြေ ဖြေဆိုခြင်းဆိုင်ရာ ပွဲစဉ်(၄)တွင် ပြိုင်ပွဲဝင်ခြောက်ဦးက စကားပြော စွမ်းရည်၊ ပါဠိစွမ်းရည်နှင့် သာသနာတော်ဆိုင်ရာ အထွေထွေဗဟုသုတမေးခွန်းများကို ဖြေဆိုရမည်ဖြစ်ပြီး ၎င်းတို့ထဲမှ ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထနှင့် ပဉ္စမဆုများကို အသီးသီးရွေးချယ် ချီးမြှင့်မည်ဖြစ်ကြောင်း သိရပါတယ်။

Telegram>>…
https://t.me/positiveanglenews/22300

PAN

SZ