ဘီးလင်းမြို့နယ်၊ ဘီးလင်း-နတ်ကြီး-ဖာပွန် သွားကားလမ်းပေါ်ရှိ တံတား ၁ စင်းမိုင်းခွဲဖျက်ဆီးခံရ


မေ ၇

ယနေ့ နံနက် ၆ နာရီ ၂၀ မိနစ်အအချိန်ခန့်တွင် မွန်ပြည်နယ်၊ ဘီးလင်း-ဖာပွန်သွား ကားလမ်းပိုင်းရှိ တံတား ၁ စင်း မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခံရကြောင်း သိရှိရသည်။

ဘီးလင်းမြို့နယ်၊ နတ်ကြီးကျေးရွာအုပ်စု၊ ပျဉ်သာကျေးရွာ၊ ဘီးလင်း-နတ်ကြီး-ဖာပွန် သွားကားလမ်း၊ မှတ်တိုင်အမှတ် ၁၆/၂ နှင့် ၁၆/၃ အကြားရှိ တံတားအမှတ် ၃/၁၇၊ ကညင်ပင်ကွင်းတံတား၊ တံတားအရှည်ပေ ၈၀၊ တံတားအကျယ် ၂၄ ပေ၊ သံကူကွန်ကရစ် အမျိုးအစားတံတားကို အကြမ်းဖက်သောင်းကြမ်းသူ KNU/PDF ပူးပေါင်းအဖွဲ့ (စိစစ်ဆဲ)မှ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် တံတားကျိုး၍ လမ်းပြတ်တောက်မှု ဖြစ်ပွားလျှက်ရှိကြောင်းသိရပြီး အဆိုပါတံတားနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များသွားရောက်၍ နယ်မြေရှင်းလင်းရေးဆောင်ရွက် လျှက်ရှိကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews/22305

PAN

SZ