Blinken က ဂါဇာကမ်းမြှောင်ဒေသ သဘောတူညီချက် ရရှိရန်မှာ ဟားမတ်စ်၏ တာဝန်ဟု ပြောဆို

မေ ၅

     အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Anthony
Blinken Arizona John McCain Institute ၌ စနေနေ့က ကျင်းပသည့် ကွန်ဖရင့်တွင် အထက် လွှတ်တော်အမတ် Mitt Romney နှင့် ပြောဆိုရာမှာ ဓားစာခံသဘောတူညီမှု အဆိုပြုချက် ညှိနှိုင်းရရှိရန် ဂါဇာရှိ ဟားမတ်စ်တို့၏ တာဝန်ဟု အပြစ်ပုံချ ပြောဆိုခဲ့သည်။ အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်၍ “ဟုတ်ကဲ့’ လို့ ဟားမတ်စ်က ဖြေနိုင်မလားဆိုတာ စောင့်ကြည့်နေပြီးတော့ ဒီအခိုက် အတန့်မှာ ဂါဇာကမ်းမြှောင် ပြည်သူများနှင့်အပစ် အခတ်ရပ်စဲရေးသည် ဟားမတ်စ်တို့ ဆောင်ရွက်မှုအကြား တစ်ခုတည်းသော အဖြစ်မှန်သာ ဖြစ်သည်ဟု ဆိုသည်။

      ဒီအတောအတွင်းမှာပဲ ဂါဇာကမ်းမြှောင်ပြည်သူ တွေကို ဟားမတ်စ်အဖွဲ့ရဲ့ ပစ်ခတ်မှု ကြားကနေ အကူအညီရဖို့၊ ထောက်ပံ့ ကူညီမှုတွေ၊ သူတို့ လိုအပ်နေတဲ့ အထောက်အပံ့တွေ ရနိုင်သမျှ ရအောင် မိမိတို့ နေ့တိုင်းလုပ်နေတာတောင်မှ တတ်နိုင်သမျှ သေချာအောင်လုပ်ဖို့ သမ္မတက နေ့တိုင်း အလုပ်လုပ်နေကြောင်း၊ Rafah မြို စစ်ရေး စစ်ဆင်မှုကို အမေရိကန်က ပံ့ပိုးကူညီနိုင်မည် မဟုတ်ဟု အစ္စရေး နိုင်ငံခြားရေးဝန်ကြီးအား သတိပေးထားပြီး ထိုသို့ လုပ်ဆောင်မှုသည် ပျက် စီးစေမည့် “လက်ခံနိုင်ဖွယ်ထက် ကျော်လွန်မည်” ဟု Blinken က အခိုင်အမာ ပြောဆိုထား သည်။

     အစ္စရေးနှင့် ဆော်ဒီအာရေးဗီးယားတို့ကြား ပုံမှန်ပြန်ဖြစ်ရေးကိုလည်း ဆွေးနွေးခဲ့ပြီး ဆော်ဒီအာရေးဗီးယားသို့ အောက်တိုဘာ ၁ဝ ရက်တွင် သွားရောက်ရန် စီစဉ်ထားပြီး အစ္စရေးနှင့် ဆော်ဒီအာရေးဗီးယားတို့အကြား ပုံမှန်အနေအထားတွင် ပါလက်စတိုင်းနိုင်ငံအဖြစ် ရှေ့သို့တက်လှမ်းရန် ပါဝင်ရမည်ဟု ၎င်းက ပြောကြားခဲ့သည်။

      အစ္စရေး-ဆော်ဒီ ပုံမှန်ပြန်ဖြစ်ရေး၏ အဓိကအခန်းကဏ္ဍမှာ အီရန်ကိုသံတမန်နည်းအရ သီးခြားခွဲထုတ်ရန်နှင့် ၎င်းတို့၏ ဩဇာလွှမ်းမိုးမှုကို တိုးမြှင့်ခြင်းမှ တားဆီးရန်ဖြစ်သည်ဟု အလေးပေးပြောကြားခဲ့သည်။ အစ္စရေးနှင့် ဆော်ဒီအာရေးဗီးယားတို့အကြား ပါဝါနှင့် ဩဇာလွှမ်းမိုးမှု ပူးပေါင်းဆောင်ရွက်မှုများ အောင်မြင်နိုင်သည့် လက္ခဏာများ ရှိနေပြီဟု Blinken က ရှင်းပြခဲ့သည်ဟု သတင်းများကဆိုသည်။

      အီရန်က အစ္စရေးကို မောင်းသူမဲ့လေယာဉ် ၃ဝဝ ကျော်နှင့် ဒုံးကျည်အစင်းရေ ၃၀၀ ကျော် ပစ်ခတ်ပြီးနောက် အစ္စရေးက ၎င်း၏ ကောင်းမွန်သည့် လေကြောင်းရန် ကာကွယ်ရေးကြောင့်သာမက ပျက် စီးဆုံးရှုံးမှုများကို ကူညီပေးရန်နှင့် နိုင်ငံတွေကို ကူညီပေးရန် သမ္မတ၏ တိုတိုတုတ်တုတ် စည်းရုံးနိုင်မှု စွမ်းရည်ကြောင့်လည်း ဖြစ်သည်ဟု ပြောဆိုခဲ့သည်။ ၎င်းကို “အစ္စရေး၌ နှစ်ပေါင်းများစွာ ငြိမ်းချမ်းရေး ထိန်း သိမ်းထားနိုင်သည့် ဒေသဆိုင်ရာ လုံခြုံရေးဗိသုကာတစ်ခုနှင့် ပေါင်းစည်းရန် သန္ဓေတည်နိုင်ခြေများ”ဟုခေါ်ဆိုခဲ့ပြီး အောင် မြင်ရန် တစ်ခုတည်းသော နည်းလမ်းမှာ စစ်ပွဲကို တတ်နိုင်သမျှ မြန်မြန် အဆုံးသတ်ခြင်းဖြစ်၍ ဓားစာခံသဘောတူညီချက်ဖြင့်သာ ဖြစ်နိုင်သည်ဟု ပြောကြားခဲ့ကြောင်း သိရပါသည်။

#PAN