မြဝတီမြို့၊ အမှတ် ၄ ရပ်ကွက်၊ သုခမိန်လမ်းရှိ ဒေါ်မိငယ် ကုန်ခြောက်ပစ္စည်းဂိုဒေါင်၌ မီးလောင်းမှုဖြစ်ပွား


မေ ၂

ကရင်ပြည်နယ်၊ မြဝတီခရိုင် ၊မြဝတီမြို့ အမှတ် (၄)ရပ်ကွက် သစ္စာလမ်းနှင့် သုခမိန်လမ်းထောင့်တွင် ယမန်နေ့ ညနေ ၃ နာရီ ၅ မိနစ်အချိန်ခန့်က မီးလောင်းမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မီးလောင်းမှုဖြစ်ပွားရာသို့ မြဝတီခရိုင် မီးသတ်စခန်းမှ ခရိုင်မီးသတ်ဦးစီးမှူး၊ ဦးဆောင်သော သန္ဓေတပ်ဖွဲ့ဝင် ၁၁ ဦးတို့သည် မီးငြှိမ်းသတ်ယာဉ် နှစ် စီး၊ မီးသတ်ရေသယ်ယာဉ် နှစ် စီးဖြင့်လည်းကောင်း၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့စခန်းမှ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၀ ဦးတို့က ရေသယ်ယာဉ်တစ်စီး၊ စည်ပင်ရေသယ်ယာဉ်တစ်စီးနှင့် ရပ်ကွက် ရေသယ်ယာဉ် သုံး စီးတို့ဖြင့် လည်းကောင်း ထွက်ခွာမီးငြှိမ်းသတ်ခဲ့ရာ ညနေ ၃ နာရီ ၂၅ မိနစ်အချိန်ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး ညနေ ၄ နာရီတွင် မီးလုံးဝငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

ယင်းဖြစ်စဉ်တွင် ပိုင်ရှင်ဖြစ်သူ မြဝတီမြို့၊ အမှတ် ၄ ရပ်ကွက်၊ သုခမိန်လမ်းနေ ဦးနေဝင်းအောင်ပိုင်ဆိုင်သော ဒေါ်မိငယ် ကုန်ခြောက်ပစ္စည်းဂိုဒေါင်၌ တပ်ဆင်ထားသော(10.2KW)ဆိုလာမီးသုံးစွဲရာ ဂိုဒေါင်အတွင်းရှိ မီးပလပ်ခုံရှော့ဖြစ်ပြီး ပလပ်ခုံအောက်ရှိစက္ကူချပ်ဖာနှင့် ဖော့ဖာများပေါ်သို့ မီးပွားကျရောက်မှုကြောင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် အုတ်ကာ၊ သွပ်မိုးဂိုဒေါင်တစ်လုံး၊ သွပ်မိုးပျဥ်ကာဆိုင်ခန်း ၂ ခန်း၊ သွပ်မိုး၊ အုတ်ကာဆိုင်ခန်း ၁ ခန်း၊ RCသုံးထပ်နေအိမ် ၂ လုံး(အနည်းငယ်မီးဟပ်)ခဲ့ပြီး ဂိုဒေါင်အတွင်းရှိ စားသုံးကုန်ပစ္စည်းများ၊ ဆိုင်ခန်း ၂ ခန်းအတွင်းရှိ အထည်အလိပ်များ မီးလောင်ပျက်စီးခဲ့၍ စုစုပေါင်းပျက်စီးဆုံးရှုံးမှု တန်ဖိုးငွေကျပ် (၁,၇၁၉၀,၀၀၀)ခန့်ဖြစ်ပြီး လူနှင့် တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် ဖြစ်စဉ်နှင့်ပတ်သက်၍ ဂိုဒေါင်ပိုင်ရှင် ဦးနေဝင်းအောင်အား မြဝတီမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews/22214?single

PAN