ဖားကန့်တွင် နွံ့ကန်ပြိုကျပြီး ရေမဆေးတစ်ဦးသေဆုံးဟုဆို


(ပြည်တွင်း)မေ ၂

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု ဆန်ခါကျေးရွာ၏ အနောက်မြောက်ဘက်ရှိ ယခင်တောက်ပကြယ်လုပ်ကွက်ဟောင်းတွင် ယနေ့ မေလ ၂ ရက်နေ့ နံနက် ၆ နာရီချိန်ခန့်က နွံကန်ပြိုကျမှု ဖြစ်ပွားခဲ့သည့်အတွက် ရေမဆေးတစ်ဦးသေဆုံးကြောင်း သိရသည်။

နွံကန်ပြိုကျမှုကြောင့် ဆိုင်းရာရွာသစ်နေ မောင်ကလောင်ဆိန်ခေါင် အသက်၂၀ နှစ် ကချင်တိုင်းရင်းသား ရေမဆေးလုပ်သား သေဆုံးခဲ့ရသည့်အတွက် ဆန်ခါကျေးရွာရှိ မြင့်မြတ်သူနာရေးကူညီမှု အသင်းမှ သေဆုံးသူအလောင်းအားကူညီ သယ်ယူပေးခဲ့ကြောင်း သိရသည်။

ယခု နွံ့ကန်ပြိုကျသည့် ကျောက်လုပ်ကွက်သည် သက်တမ်းကုန်ဆုံးပြီးသည့် လုပ်ကွက်ဖြစ်သော်လည်း ကျောက်စိမ်းတူးဖော်လုပ်ကိုင်နေသည်ဟု ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။

Telegram»…
https://t.me/positiveanglenews/22213

PAN