Rafah  ကို ထိုးစစ် မစတင်မီ အစ္စရေးက ဓားစာခံသဘောတူညီချက်ကို ‘နောက်ဆုံးအခွင့်အရေး’ ပေးထားသည်ဟု အီဂျစ်ကို ပြောကြား

ဧပြီ ၂၇

     Rafah တွင် အစ္စရေး၏ ထိုးစစ်ဆင်တော့မည့်အကြောင်း ဆွေးနွေးရန်နှင့် ဟားမတ်စ်နှင့် ဓားစာခံသဘောတူညီချက်ရရှိရန် ကြိုးပမ်းမှုများကို ဆွေးနွေးရန် စေလွှတ်လိုက်သော အစ္စရေးအရာရှိများနှင့် ထိပ် တန်းအီဂျစ်ကိုယ်စားလှယ်အဖွဲ့တို့ကြား ဆွေးနွေးပွဲသည် သောကြာနေ့တွင် ပြီးဆုံးသွားခဲ့ပြီး ယင်းသည် အစ္စရေးမတိုင်မီ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အတွက် “နောက်ဆုံးအခွင့်အရေး” ဖြစ်ကြောင်း အစ္စရေးက သတိပေးခဲ့သည်။

       အမည်မဖော်လိုသူ အီဂျစ်အရာရှိက အစ္စရေးသည် ဓားစာခံ ၃၃ ဦး ပြန်လွှတ်ပေးမည့် အကန့် အသတ်ဖြင့် ပစ်အခတ်ရပ်စဲရေးကို ထည့်သွင်းစဉ်းစားရန် ဆန္ဒရှိသော်လည်း အဆိုပြုချက်အသစ်များ ပြု လုပ်ရန် မရှိသေးဟု ပြောကြားခဲ့သည်။ ဂါဇာ၌ စစ်ပွဲအဆုံးသတ်ရန်နှင့် ကျန်ရှိနေသည့် အစ္စရေးဓားစာခံများကို ပြန်ပေးရန်အတွက် ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် နည်းလမ်းရှာဖွေနေသည့် အီဂျစ်ကိုယ်စား လှယ်အဖွဲ့သည် အစ္စရေးအရာရှိများနှင့် ဧပြီလ ၂၆ ရက်၊သောကြာနေ့တွင် တွေ့ဆုံခဲ့သည်ဟု ဆွေးနွေးပွဲတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

      “အစ္စရေးနဲ့ဟားမတ်စ်တို့ကြား လက်ရှိ ဓားစာ ခံ ဆွေးနွေးမှုတွေ မရှိသေးသလို၊ အစ္စရေးဘက်က ကမ်းလှမ်းချက်အသစ်လည်း မရှိပါဘူး” ဟု အဆိုပါအရာရှိက ပြောကြားခဲ့ပြီး “အဲဒါက အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ မကျန်းမာတဲ့ ဓားစာခံ ၃၃ ဦးကို လွှတ်ပေးဖို့ အီဂျစ်ရဲ့ အဆိုပြုချက်နဲ့ ဆွေးနွေးပွဲကို ပြန်စဖို့ အီဂျစ် က ကြိုးပမ်းနေတာ “ဖြစ်သည်ဟု ဆိုသည်။

     ဟားမတ်စ်နှင့် အခြားပါလက်စတိုင်း အကြမ်းဖက် အဖွဲ့များမှ ချုပ်နှောင်ထားဆဲ ဓားစာခံ ၁၃၃ ဦးအနက် ဂါဇာတွင် အမျိုးသမီး၊ သက်ကြီးရွယ်အိုနှင့် ဖျားနာနေသူ ဓားစာခံ ၃၃ ဦး ကျန်ရှိသည်ဟု အစ္စရေးထောက် လှမ်းရေး တာဝန်ရှိသူ များက ယုံကြည်နေကြသည်။ အပစ်အခတ်ရပ်စဲရေး မည်မျှကြာမည်ကို ဆုံးဖြတ် ချက် မချရသေးသော်လည်း ယင်းသို့ လဲလှယ်ရန် သဘောတူပါက တိုက်ပွဲများ ခေတ္တရပ်နားထားမှုသည် ၆ ပတ်အောက်သာ ရှိလိမ့်မည် ဟု ဆိုထားသည်။

        အစ္စရေး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး Herzi Halevi နှင့် အစ္စရေး ပြည် တွင်းထောက်လှမ်းရေးဌာန Shin Bet အကြီးအကဲ Ronen Bar တို့သည် အီဂျစ်ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံရန် ကြာသပတေး နေ့တွင် ကိုင်ရိုမြို့သို့ သွား ရောက်ခဲ့သည်ဟု အစ္စရေးမီဒီယာများက ဖော်ပြခဲ့ကြသည်။

       စစ်ပွဲများ ဆက်လက်ဖြစ်ပွားနေပါက အိမ်နီးချင်း ဂါဇာမှ ပါလက်စတိုင်း ဒုက္ခသည်များ ဝင်ရောက်လာ မှုကို စိုးရိမ်နေသည့်အတွက် ညှိနှိုင်းမှု တိုးတက်စေရန် အီဂျစ်က လုပ်ဆောင်နေကြောင်း၊ “အီဂျစ်က Rafah စစ်ဆင်ရေးအတွက် စိုးရိမ်နေပြီး အနည်းဆုံးတော့ တိုးတက်မှုကို မြင်ချင်ကာ စိတ်ပိုင်းဆိုင်ရာအရ အမှန်တိုးတက်မှု ရရှိစေလိုသည်”ဟု အဆိုပါ အီဂျစ်အရာရှိက ပြောကြားခဲ့သည်။ ယခင် အဓိက ကိုယ်စားလှယ် ကာတာသည် အစ္စရေး၏ တောင်းဆိုချက်များကို တုံ့ပြန်ရန် ပျက်ကွက်ခဲ့ပြီးနောက် ၎င်း၏ပိုင်နက် အတွင်းမှ ဟားမတ်စ်ခေါင်းဆောင်များကို နှင် ထုတ်ရန် သို့မဟုတ် ၎င်းတို့၏ ဘဏ္ဍာရေးဆိုင်ရာကန့်သတ် ချက်များကို တုံ့ပြန်ရန် ပျက်ကွက်မှု ပိုများလာခဲ့သည်။ ဂါဇာအကျပ်အတည်း အဆုံး သတ်ရေးလမ်းစတစ်ခုအဖြစ် ဓားစာခံအားလုံး လွှတ်ပေးရန် အမေရိကန်နှင့် အခြား ၁၇ နိုင်ငံမှ တောင်းဆိုခဲ့ပြီး ဟားမတ်စ်က နိုင်ငံတကာဖိအားကို လျှော့မပေးနိုင်ဟု ကြွေးကျော်ခဲ့ကြောင်း သိရပါသည်။

      ရာဖာမြို့၌ အစ္စရေးစစ်ဆင်ရေးကို တားဆီးရန် ကြိုးပမ်းနေစဉ် သောကြာနေ့တွင် ရောက်ရှိမည့် အစ္စရေးအဖွဲ့နှင့် တွေ့ဆုံရန် အီဂျစ်လုံခြုံရေး ကိုယ်စား လှယ်အဖွဲ့ကို အီဂျစ်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ် Abbas Kamel က ဦးဆောင်ရန် စီစဉ်ထား သည်ဟု ကာတာမှ Al-Arabi Al-Jadeed ၏ အစီရင်ခံ စာအရ သိရပါသည်။

      ဂါဇာအကျပ်အတည်း အဆုံးသတ်ရေး လမ်း
ကြောင်းအဖြစ် ဟားမတ်စ်မှ ဓားစာခံအားလုံးကို
လွှတ်ပေးရန် အမေရိကန်နှင့် အခြားနိုင်ငံ ၁၇ နိုင်ငံ
၏ အဆိုပြုချက်နှင့် ပါလက်စတိုင်းတို့၏ တောင်းဆို ချက်များကို ကိုင်တွယ်ဖြေရှင်းရန် ပျက်ကွက်မှုတို့အတွက် ဟားမတ်စ်က ၎င်း၏ ပြစ်တင်ဝေဖန်မှုအား ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ဟားမတ်စ်အဖွဲ့သည် အပစ်အခတ်ရပ်စဲရေး အယူအဆများကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နေပြီး အဖွဲ့၏ အဓိက တောင်း ဆိုချက်များအတိုင်း ဆက်ရှိနေသည်ဟု ကြေညာချက်တွင် ဖော်ပြထားကြောင်း သတင်းရရှိပါသည်။

#PAN