ပိုလန်တွင် ဖွင့်လှစ်မည့် နျူကလီးယားစက်ရုံများ စစ်ရေးပစ်မှတ်များ ဖြစ်လာနိုင်ဟု ရုရှားသတိပေး


(နိုင်ငံတကာ) ဧပြီ ၂၆

ပိုလန်နိုင်ငံတွင် နေတိုးတပ်ဖွဲ့က အမြဲတမ်းဖွင့်လှစ်မည့် နျူကလီးယားစက်ရုံများမှာ ရုရှား၏စစ်ရေးပစ်မှတ် များဖြစ်လာနိုင်ကြောင်း ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ ယရက်ကော့ က ဧပြီလ ၂၅ ရက်တွင် သတိပေး ပြောကြားသည်။

နေတိုးတပ်ဖွဲ့၏ ပူးတွဲ နျူကလီးယားစီမံကိန်းများကို ချဲ့ထွင်ခြင်းသည် တည်ငြိမ်မှုကို ပျက်ပြားစေသည့် သဘောသဘာဝရှိပြီး ခြိမ်းခြောက်မှုဖြစ်ကြောင်း ဆာဂျီ ယရက်ကော့ က TASS သတင်း အေဂျင်စီနှင့် ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတစ်ခု၌ ပြောခြင်းဖြစ်သည်။

ထိုပြင် နေတိုးတပ်ဖွဲ့ဝင်နိုင်ငံများ က ရုရှားနယ်စပ်အနီးတွင် နျူကလီးယား အစီအစဉ်များကိုတိုးမည့် ချဉ်းကပ်လုပ်ဆောင်မှုသည် ရုရှား၏လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုကို ပိုမို ကြီးထွားစေကြောင်း ၎င်းက ဆက်ပြောသည်။

ပိုလန်နှင့်ရုရှားနယ်စပ်အနီးရှိ အခြားဒေသများတွင် နျူကလီးယားစက်ရုံများ တိုးချဲ့မည့် အစီအစဉ်နှင့်စပ်လျဉ်း ၍ ဝါဆောမြို့တော်၌ နိုင်ငံရေးသမားများကြား ဆွေးနွေးလျက်ရှိပြီး ယင်းအစီအစဉ်အား ရုရှားအစိုးရက အနီးကပ် စောင့်ကြည့်လျက် ရှိသည်။

နေတိုးတပ်ဖွဲ့၏ နျူကလီးယား ဝေမျှရေး သဘောတူညီချက်ပါ မူဘောင်အရ လိုအပ်ပါက နျူကလီးယားလက်နက်များအား ပိုလန်နိုင်ငံအတွင်း၌ ဖြန့်ကြက်နိုင်မည့်အလားအလာနှင့်စပ်လျဉ်း၍ ပိုလန်အစိုးရက အမေရိကန်ပြည်ထောင်စုနှင့် ဆွေးနွေးမှုများကို လုပ်ဆောင်လျက်ရှိကြောင်း ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထားသည်။

Telegram»…
https://t.me/positiveanglenews/22051

PAN