အပြည်ပြည်ဆိုင်ရာ ကုန်တင်ကုန်ချ ယာယီဆိပ်ကမ်းများမှ အိမ်နီးချင်းနိုင်ငံများသို ပိုကုန်လုပ်ငန်းများ ဆောင်ရွက်နိုင်ပြီ


(ပြည်တွင်း) ဧပြီ ၂၆

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြိုနယ်၌ တည်ဆောက်ထားသော ရွှေမဲဆိပ်ကမ်းနှင့် မုတ္တမဆိပ်ကမ်းတိုကို အိမ်နီးချင်းနိုင်ငံများသို ကုန်တင်ပိုနိုင်သည့် အပြည်ပြည်ဆိုင်ရာ ကုန်တင်ကုန်ချယာယီဆိပ်ကမ်းအဖြစ် အကောက်ခွန်ဦးစီးဌာနမှ ၂၀၂၄ ခုနှစ် ဧပြီ ၂၄ ရက်မှစ၍ စတင်ခွင့်ပြုခဲ့ပြီးဖြစ်သည်။

အဆိုပါဆိပ်ကမ်းများမှ အိမ်နီးချင်းနိုင်ငံများသို Border Trade ပိုကုန်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် အကောက်ခွန်ဦးစီးဌာနအပါအဝင် ဌာနဆိုင်ရာပူးပေါင်းအဖွဲ (OSS) များက ဧပြီ ၂၄ ရက်မှစ၍ တာဝန်ချထား စစ်ဆေးဆောင်ရွက်ပေးလျက်ရှိပြီး လုပ်ငန်းရှင်များအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ပိုကုန်လုပ်ငန်းများ ဆောင်ရွက်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews/22045

PAN