မင့်စ်မြိုတော်အား နေတိုးတပ်ဖွဲဝင် လစ်ယူယေးနီးယားနိုင်ငံက ဒရုန်းများဖြင့် တိုက်ခိုက်မည့် ကြိုးပမ်းချက်ကို ဘယ်လာရုစ် တားဆီးနိုင်ခဲ့


(နိုင်ငံတကာ) ဧပြီ ၂၆

ဘယ်လာရုစ်နိုင်ငံ မြိုတော် မင့်စ်အား နေတိုးတပ်ဖွဲဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည့် လစ်သူယေးနီးယားနိုင်ငံက ဒရုန်းများဖြင့် တိုက်ခိုက်မည့်ကြိုးပမ်းမှုကို ကာကွယ်တားဆီးနိုင်ခဲ့ကြောင်း ဘယ်လာရုစ်လုံခြုံရေးတပ်ဖွဲမှ အကြီး အကဲဖြစ်သူ အိုင်ဗန်တာတယ်လ် က ဧပြီလ ၂၅ ရက်တွင်ပြောသည်။

အဆိုပါ တိုက်ခိုက်ရေးဒရုန်းများသည် လစ်သူယေးနီးယားပိုင်နက်အတွင်းမှ ဝင်ရောက်လာခြင်းဖြစ်ပြီး ယင်းဒရုန်းများကို လုံခြုံရေးတပ်ဖွဲများက လုံခြုံရေး ဆောင်ရွက်နေစဉ် တားဆီးနိုင်ခြင်းဖြစ်ကြောင်း RIA သတင်းအေဂျင်စီ က ဖော်ပြသည်။

သို့သော် တိုက်ခိုက်ရေး ဒရုန်းများသည် လစ်သူယေးနီးယားမှ လွှတ်တင်ခဲ့ခြင်းဖြစ်သည်ဟူသော သက်သေအထောက်အထားများကိုမူ ဘယ်လာရုစ် လုံခြုံရေးအဖွဲက ဖော်ပြထားခဲ့ခြင်းမရှိကြောင်း သိရသည်။

မင့်စ်မြိုအား ဒရုန်းများဖြင့် တိုက်ခိုက်ရန်စီစဉ်ခဲ့သည်ဟူသော ဘယ်လာရုစ်၏ ပြောဆိုချက်နှင့် စပ်လျဉ်း၍ လစ်သူယေးနီးယားနိုင်ငံက တစ်စုံတစ်ရာ တုံပြန်ပြောကြားထားခြင်းမရှိပေ။

ဘယ်လာရုစ်နိုင်ငံသည် ရုရှား၏ မဟာမိတ်နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး ရုရှားနိုင်ငံက ၂၀၂၂ ခုနှစ်အတွင်း အထူးစစ်ဆင်ရေး ဆင်နွှရာတွင် ဘယ်လာရုစ်၏ ပိုင်နက်များကို အသုံးပြုနိုင်ခဲ့ကြောင်း ST သတင်းဌာနတွင် ဖော်ပြထားသည်။

Telegram»…
https://t.me/positiveanglenews/22046

PAN