ပွင့်ဖြူ မြို့နယ်တွင် အကြမ်းဖက် PDF များမှ ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဝင် တစ်ဦးအား အိမ်ဝန်းထဲအထိဝင်ရောက် ပစ်ခတ်သတ်ဖြတ်


(ပြည်တွင်း) ဧပြီ ၂၆

ယမန်နေ့ ည ၈ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ မဲဇလီကျေးရွာအုပ်စု၊ လယ်မကျေးရွာနေ ပြည်ခိုင်ဖြိုးပါတီ မြို့နယ်အလုပ်အမှုဆောင် ဦးဌေးမင်း (မဲဇလီကျေးရွာ အုပ်စု၊ ပြည်သူ့စစ် ခေါင်းဆောင်)၊ အသက် ၄၅ နှစ်သည် နေအိမ်ဝိုင်းအတွင်းထိုင်နေစဉ် အကြမ်းဖက် PDF အဖွဲ့(စိစစ်ဆဲ)မှ လက်နက်များကိုင်ဆောင်၍ ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာခဲ့ပြီး နေအိမ်ရှေ့မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကာ ကျေးရွာ၏အနောက် မြောက်ဘက် စေတုတ္တရာမြို့နယ်၊ ကျောက်ပုံကျေးရွာဘက်သို့ ထွက်ခွာသွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ဦးဌေးမင်းသည် ဘယ်ဘက်လက်ပြင် နောက်ကျော ဖောက်ဝင်(ဒဏ်ရာ) ၁ ချက်၊ ယာဘက်ပုခုံး ဒဏ်ရာ ၁ ချက်၊ ညာဘက်လက်မောင်း ဒဏ်ရာ ၁ ချက်တို့ ရရှိခဲ့သောကြောင့် မဲဇလီတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။

ပွင့်ဖြူမြို့နယ်၊ လယ်မကျေးရွာတွင် အိမ်ခြေ ၄၈၀ အိမ်၊ အိမ်ထောင်စု ၄၈၃ စု၊ လူဦးရေ ကျား ၁၀၈၀ ဦး၊ မ ၁၀၉၅ ဦး၊ စုစုပေါင်း ၂၁၇၅ ဦး နေထိုင်လျက်ရှိ၍ ပြည်ခိုဖြိုးပါတီအား ထောက်ခံအားပေးသည့် ကျေးရွာဖြစ်ကြောင်းသိရသည်။ ဆက်လက်၍ သက်ဆိုင်ရာလုံခြုံရေးအဖွဲ့မှ PDF အကြမ်းဖက်များ ဆုတ်ခွာသွားသည့် ကျေးရွာ၏ အနောက်မြောက်ဘက်သို့ လိုက်လံ ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews/22040?single

PAN