စံချိန်တင်အပူဆုံးဖြစ်နေသည့် မကွေးတိုင်းဒေသကြီးအပါအဝင် အလယ်ပိုင်းဒေသအချို နေ့အပူချိန်ဆက်တိုးမည်


(ပြည်တွင်း)ဧပြီ ၂၆

စံချိန်တင်အပူချိန်များ မြင့်တက်နေတဲ့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများဖြစ်တဲ့ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတိုမှာ ဧပြီလ ၂၆ ရက်နှင့် ၂၇ ရက်တိုမှာ နေ့အပူချိန်များ ထပ်မံတိုးမြင့်နေဦးမယ်လို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အသိပေးထုတ်ပြန် ထားပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ်မှာ နေ့အပူချိန်များ အနည်းငယ်တိုးလာနိုင်ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ အစောပိုင်းက စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမှာ ပျမ်းမျှအပူချိန်ထက် ၅ ဒီဂရီဆဲလ်စီးယပ်၊ စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)တိုတွင် ဧပြီလ၏ ပျမ်းမျှ အပူချိန်တိုထက် ၃ ဒီဂရီဆဲလ်စီးယပ်မှ ၄ ဒီဂရီဆဲလ်စီးယပ်အထိ ရှိခဲ့တယ်လို ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင် နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တိုမှာ ဧပြီလရဲ့ ပျမ်းမျှ အပူချိန်တိုထက် ၂ ဒီဂရီဆဲလ်စီးယပ်ပိုခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တိုမှာ ဧပြီလရဲ့ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့တယ်လို သိရပါတယ်။

ဧပြီလ ၂၄ ရက်မှာ ထူးခြားတဲ့ နေ့အပူချိန်များအနေနဲ့ ချောက်မြိုမှာ ၄၆ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်၊ မြင်းခြံမြိုတွင် ၄၅ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်၊ မြင်းမူမြိုတွင် ၄၅ ဒီဂရီဆဲလ်စီးယပ်၊ ဂန့်ဂေါမြိုတွင် ၄၄ ဒသမ ၆ ဒီဂရီ ဆဲလ်စီးယပ်၊ ညောင်ဦးမြိုတွင် ၄၄ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်၊ မုံရွာမြိုတွင် ၄၄ ဒသမ ၃ ဒီဂရီဆဲလ်စီးယပ်၊ ရွှေဘိုမြို တွင် ၄၄ ဒီဂရီဆဲလ်စီးယပ်၊ ဆင်ဖြူကျွန်းမြိုတွင် ၄၃ ဒသမ ၉ ဒီဂရီဆဲလ်စီးယပ်၊ တံတားဦး(လေကြောင်းမိုးလေဝသ) နှင့် ပခုက္ကူမြိုတိုတွင် ၄၃.၅ ဒီဂရီဆဲလ်စီးယပ်တို ဖြစ်ကြပါတယ်။

Telegram»…
https://t.me/positiveanglenews/22039

PAN