“စူး” လက်ဘက်ရည်ဆိုင်တွင် လက်ဘက်ရည်ထိုင်သောက်နေသည့် လုံခြုံရေးအရာရှိအား အကြမ်းဖက် PDF အဖွဲ့မှ သေနတ်ဖြင့် ပစ်သတ်


(ပြည်တွင်း)ဧပြီ ၂၄

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ “စူး” လက်ဘက်ရည်ဆိုင်တွင် လက္ဘက်ရည်ထိုင်သောက်နေသည့် ဗိုလ်မှုးသက်နိူင်စိုးကို ​အကြမ်းဖက်သမားများက သေနတ်ဖြင့်ပစ်ခတ် သတ်ဖြတ်သွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ မန္တလေး-မိုးကုတ်ကားလမ်းဘေးရှိ “စူး” လက်ဘက်ရည်ဆိုင်တွင် ယနေ့နံနက် ၈ နာရီ ၃၅ မိနစ်အချိန်ခန့်က လုံခြုံ​ရေးတာဝန် ထမ်းဆောင်လျက်ရှိသော ဗိုလ်မှုးသက်နိူင်စိုးသည် အရပ်ဝတ်ဖြင့် လက်ဘက်ရည်သောက်နေစဥ် အကြမ်းဖက် သမားများက သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဗိုလ်မှုးသက်နိုင်စိုးတွင် နဖူး​ဖောက်ဝင် ဝဲ-ဂျိုစောင်း ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ ဝဲ-ဂျိုစောင်း ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝမ်းဗိုက် ဖောက်ဝင်/ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ ရင်ညွှန့် ဖောက်ဝင် နောက်ကျောဖောက်ထွက်ဒဏ်ရာ ၂ ချက်တို့ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews/21961

PAN