KIA ၏ပစ်ခတ်မှုကြောင့် မိုးမောက်မြို့နယ်မှ ဒေသခံပြည်သူတစ်ချို့ သေဆုံးမှုရှိဟုဆို


(ပြည်တွင်း) ဧပြီ ၂၃

ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ရှိ ထော့နန်ရပ်ကွက်နှင့် ခါနန်ရပ်ကွက် ၊ ခူးလီကျေးရွာတို့တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး တပ်မတော်နှင့်ကချင်အကြမ်းဖက် KIA၊ KPDF ပူးပေါင်းအဖွဲ့ကြား ဧပြီ ၂၂ ရက်နေ့ မွန်းတည့် ၁၂ နာရီချိန်ခန့်က တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲကြောင့် တပ်မတော်မှ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့်အတွက် တိုက်ပွဲဆက်လက်ဖြစ်ပွဲနေကြောင်း သိရသည်။

အကြမ်းဖက်သောင်းကျန်းသူများသည် ကျေးရွာအတွင်းရှိ လူနေအိမ်များကို အကာကွယ်ယူလျက် ပစ်ခတ်နေခဲ့သည့်အတွက်ကြောင့် ဒေသခံပြည်သူများ၏ နေအိမ်အချို့ပျက်စီးခဲ့ရသည့်အပြင် အပြစ်မဲ့အရပ်သားများလည်းထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်းသိရသည်။

တပ်မတော်၏ ထိုးစစ်ဆင်ရှင်းလင်းမှုကြောင့် အကြမ်းဖက်သောင်းကျန်းသူများ ဆုတ်ခွာသွားခဲ့ပြီး တိုက်ပွဲအခြေအနေငြိမ်သက်သွားပြီဖြစ်သော်လည်း လက်ရှိအချိန်တွင် ဗန်းမော်မြို့တွင်းရှိ ခမရ ၄၃၇ တပ်ရင်းမှ စစ်ကြောင်းများသည်အကြမ်းဖက်တို့ကိုနယ်မြေရှင်းလင်းရေးလုပ်ဆောင်နေကြောင်း သိရသည်။

အကြမ်းဖက်သောင်းကျန်းသူများသည် ၎င်းတို့ ခိုအောင်းနေသည့် မိုး‌မောက်မြို့အထက်ဘက်ခြမ်းနေရာများသို့ ပြန်လည် ၀င်ရောက် နေရာယူလာသဖြင့် တပ်မတော်မှ စစ်ဆင်ရေးပြုလုပ်လာနိုင်သည့်အခြေအနေကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်လျက်ရှိကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews/21937

PAN