ထိုင်းသို MoU လုပ်သား ၂ ဒသမ ၈ သန်း စေလွှတ်ထား


(ပြည်တွင်း) ဧပြီ ၂၃

လက်ရှိအချိန်ထိ ထိုင်းနိုင်ငံသို့ မြန်မာအလုပ်သမားဦးရေ ၂ ဒသမ ၈ သန်းအထိ စေလွှတ်ထားပြီးဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာနကနေ သိရပါတယ်၊၊

အလုပ်သမားတွေခေါ်ယူဖို့ အလုပ်ကမ်းလှမ်းလွှာ အလုပ်ခေါ်စာတွေကို ထိုင်းနိုင်ငံက အများဆုံးပေးပို့နေတာကြောင့် ထိုင်းနိုင်ငံကို တရားဝင် MoU လုပ်သားတွေ အများဆုံး စေလွှတ်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်၊၊

ထိုင်းနိုင်ငံကို ရန်ကုန်-ဘားအံ-မြဝတီ လမ်းကြောင်းကနေ အဓိကထားစေလွှတ်ခဲ့ပေမယ့် လက်ရှိအချိန်မှာ နယ်မြေအခြေအနေကြောင့် ရန်ကုန်-ကော့သောင်း-ရနောင်း လမ်းကြောင်းကနေ အဓိကပို့ဆောင်နေရတယ်လို့ အေဂျင်စီတချို့ကနေ သိရပါတယ်။

ဒါ့အပြင် တရားဝင်အလုပ်သမားတွေကို လေကြောင်းလိုင်းကနေတစ်ဆင့် ထိုင်းနိုင်ငံကို တိုက်ရိုက်စေလွှတ်နိုင်ဖို့အတွက် အလုပ်သမားဝန်ကြီးဌာနအနေနဲ့ နှစ်ဖက်ညှိနှိင်းဆွေးနွေးနေတယ်လို့ သိရပါတယ်၊၊

Telegram>>…
https://t.me/positiveanglenews/21940

PAN