ချောင်းဆုံမြိုနယ် မွန်ရိုးရာ နွားလှည်းယဉ်ကျေးမှု အလှပြိုင်ပွဲကျင်းပ


(ပြည်တွင်း) ဧပြီ ၂၃

မွန်ပြည်နယ်၊ ချောင်းဆုံမြိုနယ်၊ ကမာမိုကျေးရွာဘုရားပွဲမှာ မွန်ရိုးရာ နွားလှည်း ယဉ်ကျေးမှုအလှပြိုင်ပွဲကို ဧပြီလ ၂၂ ရက်‌ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့တယ်လို သိရပါတယ်။ အ

ဆိုပါ မွန်ရိုးရာ နွားလှည်းယဉ်ကျေးမှုပြိုင်ပွဲမှာ နွား၊ လှည်း၊ ဝတ်စားဆင်ယဥ်မှု၊ အိန္ဒြေ၊ အနေအထိုင်အချိုးအစား စတဲ့ သတ်မှတ်စည်းကမ်းငါးချက်နဲ့ အမှတ်ပေးတာ ဖြစ်ပါတယ်။

ယခုနှစ် ကျင်းပပြုလုပ်တဲ့ မွန်ရိုးရာနွားလှည်းယဉ်ကျေးမှုအလှပြိုင်ပွဲမှာ (၄၉) ကြိမ်မြောက်ရှိခဲ့ပြီး ရှေးယခင်က ဘီလူးကျွန်းဘုရားပွဲသို့ လှည်းယာဉ်များနဲ့ လာရောက်ကြတဲ့ အစဉ်အလာကို ထိန်းသိမ်းတဲ့အနေနဲ့ နှစ်စဉ်ကျင်းပ ပြုလုပ်ခြင်းဖြစ်ပါတယ်။

ချောင်းဆုံမြိုနယ် ဘီလူးကျွန်း ၆၄ ရွာဘုရားပွဲများကို သင်္ကြန်အကြိုနေ့မှ စတင်ကာ မြန်မာနှစ်ဆန်း ၁၀ ရက်အထိ ကျေးရွာများအလိုက် စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိကာ မွန်ရိုးရာ နွားလှည်း ယဉ်ကျေးမှုအလှပြိုင်ပွဲကိုလည်း ထည့်သွင်းပြုလုပ်ကြကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews/21939

PAN