အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွား

ဧပြီ ၁၈

      အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)၌ ပြင်းထန်သောမိုးကြိုးမုန်တိုင်းများ တိုက် ခတ်ခဲ့ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အဓိကလမ်းမကြီးများနှင့် အပြည်ပြည်ဆိုင်ရာလေဆိပ်တို့တွင် ရေကြီးရေလျှံ မှုများ ဖြစ်ပွားခဲ့ကြောင်း အယ်လ်ဂျာဇီးယားသတင်းဌာနက ဖော်ပြခဲ့သည်။

      ဧပြီ ၁၅ ရက်နှောင်းပိုင်းတွင် မိုးရွာသွန်းမှုစတင်ခဲ့ပြီး မြို့တော်ဒူဘိုင်း၏ လမ်းများပေါ်တွင် မိုးရေချိန် မီလီမီတာ ၂၀ ခန့်ရွာသွန်းခဲ့ကြောင်း ဒူဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရရှိသည့် မိုးလေဝသ အချက် အလက် များအရသိရသည်။ ဧပြီလ ၁၆ ရက်တွင် မုန်တိုင်းများပြင်းထန်လာပြီး မိုးသည်းထန်စွာရွာသွန်း ၍ မိုးသီးများ ကြွေကျခဲ့သည်။

      ဒူဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ရေလွှမ်းမိုးမှုကြောင့် ခရီးသည်များ သက်ဆိုင်ရာလေကြောင်း ကောင်တာများသို့ သွားရောက်ရေးအတွက် အခက် အခဲကြုံခဲ့ပြီး လေယာဉ်အမှုထမ်းများသည်လည်း မြို့တွင်း သယ်ယူပို့ဆောင်ရေး အခက်အခဲကြောင့် လေယာဉ်ကွင်းသို့မရောက်ရှိနိုင်၍ လေကြောင်းခရီး စဉ်များ ထိခိုက်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ လေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲနိုင်ရန်အတွက် အချိန်ယူဆောင်ရွက်ရမည်ဖြစ်ကြောင်း ဒူဘိုင်းလေဆိပ်မှ တာဝန်ရှိသူများက မှတ်ချက်ပြုပြောကြားသည်။

       နိုင်ငံတစ်ဝန်းရှိ စာသင်ကျောင်းအများစုကို ပိတ်ထားရပြီး အစိုးရဝန်ထမ်းအများစုမှာ နေအိမ်မှ အလုပ်လုပ်သည့်စနစ်ကို ကျင့်သုံးနေကြသည်။ အိမ်နီးချင်းအိုမန်နိုင်ငံတွင်လည်း ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အနည်းဆုံး ၁၈ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

#PAN