အပူရှိန်မြင့်မားမှုကြောင့် ညဘက်တွင် အသက်ရှူ ကျပ်ပြီး အောက်ဆီဂျင်ကျသည့်လူနာများကို ဆေးရုံသို့ ပို့ပေးရမှုများရှိနေ

ဧပြီ ၁၈

      ယခုနှစ်နွေရာသီကာလမှာ အပူရှိန်မြင့်မားမှုကြောင့် ညဘက်၌ အသက်ရှူကျပ်ပြီး အောက်ဆီဂျင် ကျသော လူနာများကို ဆေးရုံသို့ ပို့ပေးရသောဖြစ်စဉ်များရှိနေကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရ ပါတယ်။

      မြန်မာနိုင်ငံတွင် ယခုနှစ်ဧပြီလအတွင်း အပူရှိန် သိသိသာသာမြင့်တက်လာခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် နေ့ပိုင်း၌ အပူလျှပ် ၍ သတိလစ်မှုနှင့် သေဆုံးမှုများရှိနေသည့်အပြင် ညပိုင်းတွင်လည်း ချွေးထက်လွန်ပြီး အောက်ဆီဂျင်ကျခြင်း၊ မောပန်းခြင်း၊ ရုတ်တရက်ကိုယ်အပူချိန်မြင့်တက်ခြင်းများကြောင့် ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနသို့ ပို့ဆောင်ပေးခဲ့ရမှုများရှိခဲ့ကြောင်း လူမှုကူညီရေးအသင်းများက ဆိုပါတယ်။

      ယခင်နှစ်များက နွေရာသီမှာ နေ့ပိုင်းမှာသာအပူများပြီး ညပိုင်းတွင် အပူချိန်မြင့်မားမှုနည်းပါးခဲ့ပြီး ယခုနှစ်မှာတော့ နေ့ရောညပါ အပူချိန်မြင့်မားမှုကြောင့် ကျန်းမာရေးကောင်းသူများသာမက ကျန်းမာရေးချို့တဲ့ သူများပါ အထူးဂရုပြုနေရတာဖြစ်ပါတယ်။ ချွေးထွက်များပြီး အောက်ဆီဂျင်ကျကာ မောပန်းနွမ်းနယ်လာကာ ရုတ်တရက်ကိုယ်အပူချိန်များ မြင့်တက်လာပြီး အခန့်မသင့်ရင် သတိလစ်ပြီး အသက်ဆုံးရှုံးမှုများပါ ဖြစ်ပေါ် နိုင်တာကြောင့် ကျန်းမာရေးဝန်ကြီးဌာနရဲ့ အပူဒဏ်ကာကွယ်ရေးနှိုးဆော်ချက်များကို လိုက်နာဆောင်ရွက် သင့်တယ်လို့ သိရပါတယ်။

#PAN