ဧပြီ ၄
ကချင်ပြည်နယ်၊ မြစ်ကြီးနား-ဖားကန့် လမ်းပေါ်ရှိ ကျေးရွာများဖြစ်သည့် နန့်ယား၊ကပ်မှော်ဇွပ်နှင့်ဆိုင်းဖရာကျေးရွာများက ဒေသခံအများအပြား တိမ်းရှောင်နေကြသည့်အပြင် ကပ်မှော်ဇွပ်ကျေးရွာအနီး အကြမ်းဖက် KIA/ AA/ PDFအဖွဲ့တို့လူအင်အားပိုမိုတိုးကာရောက်ရှိနေပြီး ၎င်းတို့အကြမ်းဖက်များသည် ကျေးရွာအပြင်နေရာများ၌ စခန်းများထားရှိနေပြီး ၎င်းတို့၏ ယခုရက်ပိုင်းလူငယ်များကို အဓမ္မဖမ်းဆီးပြီးတပ်သားသစ်/လူသစ်စုဆောင်းနေသည့်လှုပ်ရှားမှုများကြောင့် တပ်မတော်စစ်ကြောင်းများမကြာမကြာရောက်လာသည်ကိုလည်း ခြောင်းမြောင်းပစ်ခတ်ရန်ကြိုးစားနေခြင်းများကြောင့် မကြာမီတိုက်ပွဲပြန်လည်ဖြစ်လာနိုင်သည့်အခြေအနေများကြောင့် ဘေးလွတ်ရာဆီသို့ဒေသခံများအနေဖြင့်ကြိုတင်တိမ်းရှောင်နေကြခြင်းဖြစ်ကြောင်း၊ ကပ်မှော်ဇွပ်ကျေးရွာ ၊နန့်ယားကျေးရွာသည် ရွာလုံးကျွတ်နီးပါးလူမရှိတော့သည့်အခြေအနေတွင်ရှိနေကြောင်း သိရသည်။
ထို့အပြင် ကားမိုင်မြို့တွင် လက်ရှိအချိန် စစ်တပ်နှင့်အကြမ်းဖက်တို့ကြား အေခြအနေတင်းမာနေပြီး အချိန်မရွေးတိုက်ပွဲဖြစ်လာမည်စိုးရိမ်နေကြသည့် ဒေသခံများအနေဖြင့် တိုက်ပွဲဖြစ်လာနိုင်သည့်သတင်းများကြောင့် အခြားမြို့များသို့ ယခုရက်ဧပြီလဆန်းရက်များအတွင်းတိမ်းရှောင်နေကြကြောင်း၊ ကပ်မှော်ဇွပ်ကျေးရွာများမှတိမ်းရှောင်လာသည့် ဒေသခံများနှင့်ကာမိုင်းမှ ယနေ့ညနေချိန်ထပ်မံတိမ်းရှောင်လာသည့်ဒေသခံများထံကသိရှိရသည်။
-ရွှေကူမြို့ နယ်
ကချင်ပြည်နယ်၊ရွှေကူမြို့ နယ်၊အစိုးရပါဠိပထမပြန်စာမေးပွဲများကို မြို့နယ်သာသနာ့ဗိမ္မန်တော်ကြီး၏ အပေါ်ထပ်/အောက်ထပ်စာသင်ခန်းများတွင် ယမန်နေ့ မှ ဧပြီလ ၉ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်
ကြောင်း၊ ယနေ့ ပါဠိပထမပြန်စာမေးပွဲတွင်
ပထမကြီးတန်း ၃၀ ပါး၊ ပထမလတ်တန်း ၂၀ ပါး၊ ပထမငယ်တန်း ၃၁ ပါး၊ အခြေပြုမူလတန်း ၇၆ ပါး စုစုပေါင်း ၁၅၇ ပါး ဖြေဆိုလျက်ရှိကြောင်း၊ ရွှေကူမြို့နယ် အစိုးရပါဠိပထမပြန်စာမေးပွဲကြီးကြပ်ရေးအဖွဲ့ထံမှ သိရပါသည်။ ရွှေကူမြို့နယ်အနေဖြင့် ယနေ့လက်ရှိအချိန်တွင် နယ်မြေတည်ငြိမ်အေးချမ်းလျက်ရှိနေကြောင်းသိရသည်။
-မံစီမြို့နယ်
ယမန်နေ့ ည ၈ နာရီအချိန်ခန့်မှစပြီး အကြမ်းဖက် KIA /PDF အဖွဲ့တို့သည် မံစီမြို့နယ်၊ ဗန်းမော် – မန္တလေးလမ်းပေါ်ရှိ ဟန်ထက်ကျေးရွာရှိ တပ်မတော်လုံခြုံရေး စခန်းကို သာလွန်အင်အား ၁၄၀ ဦးခန့်ဖြင့် လာရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် နှစ်ဘက် တိုက်ပွဲပြင်းထန်လျက် ရှိကြောင်း၊ ဟန်ထက်လုံခြုံရေးစခန်းသည်
ဗန်းမောက်- မဘိမ်းသို့ သွားသည့် လမ်းဆုံတွင်ရှိပြီး အကြမ်းဖက် KIA/ PDF တို့ဆက်ကြေးကောက်ခံနေသည့်လမ်းကြောင်းပေါ်တွင်ရှိနေသည့် စခန်းလည်းဖြစ်ကာ မံစီမြို့မှ ၉ မိုင်ခန့်အကွာ၌ တည်ရှိနေသည့် အဓိကစခန်းဖြစ်ပြီး ယနေ့ မွန်းလွဲ ၁ နာရီချိန်ခန့်ထိ တိုက်ပွဲများဖြစ်နေသေးကြောင်း မံစီဒေသခံများထံမှ သိရပသည်။
-ဗန်းမော်မြို့
ကချင်ပြည်နယ် ၊ဗန်းမော်မြို့ကို အကြမ်းဖက်KIA/ PDF /AA /ABSDF တိအဖွဲ့များက အင်အားအလုံးအရင်းဖြင့် မြို့သိမ်းတိုက်ရန် ရည်ရွယ်လှုပ်ရှားနေသည့်သတင်းကြောင့် ဒေသခံများကြား မြေပြင်သတင်းပျံ့နှံ့နေခြင်းများကြောင့်
ယနေ့ ညနေပိုင်းအချိိန်ထိ မြေပြင်ဒေသခံများသည် တိုက်ပွဲပြင်းထန်လာမှာစိုးသည့်အတွက် ဘေးလွတ်ရာမြို့နယ်များသို့ တိမ်းရှောင်နေသည်များရှိနေကြောင်း၊ အချို့မှာ ကတုတ်ကျင်းများပင်တူးနေပြီး ဘေးလွတ်ရန်ပြင်ဆင်နေကြောင်း ဒေသခံအချို့ထံမှ သိရသည် ။
-၀ိုင်းမော်မြို့
ကချင်ပြည်နယ် ၊ ၀ိုင်းမော်မြို့ရှိ ဧရာဝတီမြစ်ကမ်းဘေးမှ လဘန်ရွာ အောင်မြေ(၂)ရွာတို့တွင် ရောက်ရှိနေသည့် ဒေသစုံမှစစ်ရှောင်ပြည်သူများ သောက်သုံးရေအခက်ခဲကြုံနေရကြောင်း၊ ဧရာ၀တီမြစ်ရေသည် အလွန်ခမ်းခြောက်လာနေပြီး ရေညစ်ညမ်းမှုများရှိနေသဖြင့် ကြိုချက်သောက်ရန်ပင်အဆင်မပြေတော့ကြောင်း၊ ရေတွင်းရှိရာနေရာများသို့သွားရောက်သယ်ယူရန်အတွက် အကြမ်းဖက်KIA/ PDF တို့၏ခြိမ်းခြောက်မှုကိုလည်း ကြောက်နေရကြောင်း စစ်ရှောင်လာသူများထံမှသိရသည်။
-တနိုင်းမြို့နယ်
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊
လောဒ်မိုင်ယာန်ကျေးရွာနှင့်အနီးနေရာမှကျေးရွာများ၌ ဧပြီလ ၂ ရက်နေ့ ညသန်းခေါင်တွင် မိုးသက်လေပြင်းများကျရောက်ခဲ့ကြောင်း၊ မိုးထန်စွာရွာသွန်းခဲ့သည့် အပြင်လေပြင်းနှင့်ရောပြီး မိုးသီးများလည်းကျရောက်ခဲ့ပြီး ကျေးရွာများရှိ နေအိမ်များပြိုကျပျက်စီးဆုံးရှုံးမှုရှိခဲ့ကြောင်း၊ ပျက်စီးမှုအများဆုံးဖြစ်သည့် လောဒ်မိုင်ယာန်ကျေးရွာသည် တပ်မတော်နှင့်အကြမ်းဖက်KIAတို့ကြား တကျော့ပြန် တိုက်ပွဲစတင်ဖြစ်ပွားသည့် ၂၀၂၂ နှစ်ကုန်ချိန်ခန့်က တနိုင်းနှင့်အခြားသောမြို့နယ်အချို့က တိမ်းရှောင်လာသည့်ဒေသခံကချင်အိမ်ထောင်စု ၃၀ စုတို့ စုပေါင်းကာရွာသစ်တည်ပြီးလက်ရှိချိန်ထိနေထိုင်လျက်ရှိသည့် ရွာတစ်ရွာလည်းဖြစ်ကာအကြမ်းဖက်KIAတို့ စိုးမိုးထိန်းချုပ်ထားသည့်နေရာမှ ရွာတစ်ရွာလည်းဖြစ်ကြောင်း ဒေသသတင်းအရင်းအမြစ်များထံကသိရှိရပါသည်။
#PAN
Telegram link
https://t.me/positiveanglenews
