အာဖဂန်နစ္စတန်နိုင်ငံမြိုတော် ကဘူးလ်၌ ဖွံဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်း ၁၆၅ ခု အကောင်အထည် ဖော်ဆောင်မည်


မတ် ၃၁

အာဖဂန်နစ္စတန်နိုင်ငံမြိုတော် ကဘူးလ်၌ ဖွံဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်း ၁၆၅ ခု အကောင်အထည် ဖော်ဆောင်မည်


မတ် ၃၁

အာဖဂန်နစ္စတန်နိုင်ငံမြို့တော် ကဘူးလ်၌ ဖွံဖြိုးတိုးတက်ရေးဆိုင်ရာစီမံကိန်း ၁၆၅ ခုကို စတင် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ဒေသဆိုင်ရာ ရုပ်သံလိုင်း TOLOnews က ဖော်ပြခဲ့သည်။

အမေရိကန်ဒေါ်လာ ၈၉ ဒသမ ၈ သန်း ကုန်ကျမည့်စီမံကိန်းများတွင် ပြန်လည်ထူထောင်ရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် သယ်ယူပို့ဆောင်ရေး ကဏ္ဍများ ပါဝင်ပြီး မြိုတော်သန့်ရှင်းသာယာဝပြောစေရန် ရည်ရွယ်ထားကြောင်းသိရသည်။

စိုက်ပျိုးရေးနှင့် စက်မှုလုပ်ငန်းအများအပြား အပါအဝင် လမ်းများ၊ ဆည်များနှင့် အခြားအခြေခံ အဆောက်အအုံများလည်း ပါဝင်ကြောင်းသိရသည်။

စီမံကိန်းများအားလုံးအတွက် ကုန်ကျစရိတ်ကို ကဘူးလ် မြို့တော်စည်ပင်သာယာရေးအဖွဲ့က ကျခံသွားမည်ဖြစ်ကြောင်း ကဘူးလ်မြို့တော် စည်ပင်သာယာ ရေးအဖွဲ့ တာဝန်ရှိသူ နီမာတူလာ ဘာရစ်ဇိုင် က ပြောသည်။

လူဦးရေ ခြောက်သန်းဝန်းကျင်ရှိသော ကဘူးလ်မြို့၌ သောက်သုံးရေနှင့် စွမ်းအင်ပြတ်လပ်မှု၊ လမ်းပန်း ဆက်သွယ်ရေးဆိုးရွားမှုနှင့် ကျန်းမာရေး ဝန်ဆောင်မှု အားနည်းချက်များ အပါအဝင် ပြဿနာမျိုးစုံကို ရင်ဆိုင်နေရသည်။

PAN