ဒဂုံမြောက်ပိုင်းမြို့နယ်၊ ၃၀ ရပ်ကွက် အုပ်ချုပ်ရေးမှူးအား အမည်မသိသူအမျိုးသားတစ်ဦးမှ သေနတ်ဖြင့်ပစ်သတ်


မတ် ၃၁

ဒဂုံမြောက်ပိုင်းမြို့နယ်၊ ၃၀ ရပ်ကွက် အုပ်ချုပ်ရေးမှူးအား အမည်မသိသူအမျိုးသားတစ်ဦးမှ သေနတ်ဖြင့်ပစ်သတ်


မတ် ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြောက်ပိုင်းမြို့နယ်၊ ၃၀ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးအား ယနေ့မွန်းလွဲ ၂ နာရီ ၃၅ မိနစ်အချိန်ခန့်က သေနတ်ဖြင့်ပစ်ခတ် ခံရကြောင်း သိရှိရပါသည်။

ဒဂုံမြောက်ပိုင်းမြို့နယ်၊ ၃၀ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ဦးကြည်ထွန်းသည် ရပ်ကွက်ရုံးသို့ ဆိုက်တွဲဖြင့်သွားစဥ် အမည်မသိသူအမျိုးသား တစ်ဦးမှ သေနတ်ဖြင့် ပစ်ခတ်ပြီးထွက်ပြေသွားရာ အုပ်ချုပ်ရေးမှူးမှာ နေရာတွင်သေးဆုံးသွားခဲ့ရကြောင်း ကနဦးသတင်းရရှိသည်။

NLD ပါတီ၏ ရွေးကောက်ပွဲမသမာမှု မဲမသမာမှုများ၏နောက်ဆက်တွဲအဖြစ် အကြမ်းဖက်လက်နက်ကိုင် ပုန်ကန်သူများ ပေါ်ပေါက်လာပြီး လက်နက်ကိုင်ပစ်ခတ် တိုက်ခိုက်မှုများ သတ်ဖြတ်မှုများနှင့် လမ်းတံတားများအား မိုင်းခွဲတိုက်ခိုက်မှု မီးရှို့မှုများအကြိမ်ကြိမ်ပြုလုပ်လျှက်ရှိသည်။

PAN