ကန့်ဘလူမြို့နယ်၊ ဂါးတာကျေးရွာအနီး အကြမ်းဖက် KIA/PDF များ၏ အလောင်း၊ လက်နက်ခဲယမ်း နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ


မတ် ၃၁

ကန့်ဘလူမြို့နယ်၊ ဂါးတာကျေးရွာအနီး အကြမ်းဖက် KIA/PDF များ၏ အလောင်း၊ လက်နက်ခဲယမ်း နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ


မတ် ၃၁

ယမန်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် ဂါးတာကျေးရွာအနီး လုံခြုံရေးတပ်ဖွဲ့ဝင်များမှ နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် အကြမ်းဖက် KIA/PDF များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက် အလောင်းများ နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း သိရှိရသည်။

အဆိုပါ ထိတွေ့တိုက်ပွဲသည် မိနစ်အနည်းသာကြာမြင့်ပြီး အကြက်ဖက် PDF များ ဆုတ်ခွာထွက်ပြေးရာ အကြမ်းဖက် KIA/PDF ၄ လောင်း၊ AK သေနတ် ၂ လက်၊ M-22 သေနတ် ၁ လက်၊ ကျည်အိမ် ၃ ခု၊ ကျည်ဆံ ၂၀ တောင့်၊ လက်လုပ်မိုင်း ၁၀ လုံး၊ ဆိုင်ကယ် ၂ စီးတို့ကို သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

PAN