ဟားမတ်စ်နှင့် ဆွေးနွေးမှုများ ပြန်လည်စတင်ရန် အစ္စရေးအတည်ပြု


မတ် – ၃၁

ဟားမတ်စ်နှင့် ဆွေးနွေးမှုများ ပြန်လည်စတင်ရန် အစ္စရေးအတည်ပြု


မတ် – ၃၁

အစ္စရေးဝန်ကြီးချုပ်က အပစ်အခတ်ရပ်စဲရေးနှင့် ဓားစာခံများ ပြန်လွှတ်ပေးရေးတို့အတွက် ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ခွင့်ပြုပေးလိုက်ပြီဖြစ်ရာ လာမည့်ရက်အနည်းငယ်အတွင်း ဟားမတ်စ်တို့နှင့် စေ့စပ် ညှိနှိင်းမှုများပြုလုပ်ရန် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို စေလွှတ်မည်ဖြစ်ကြောင်း အစ္စရေးတို့က ပြောသည်။

အဆိုပါကြေညာချက်ကို အစ္စရေးဝန်ကြီးချုပ်ရုံးက မတ်လ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။ လာမည့် ရက်အနည်းငယ်အတွင်း နောက်ထပ်ဆွေးနွေးပွဲပြုလုပ်ရန် ဘင်ဂျမင်နေတန်ယာဟု က ခွင့်ပြုပေးခဲ့သည်။ ကိုင်ရိုမြို့ သို့မဟုတ် ဒိုဟာမြို့တို့တွင် ပြုလုပ်မည်ဖြစ်သည်။

ဟားမတ်စ်တို့သည် အစ္စရေးနှင့် စေ့စပ်ညှိနှိင်းမှုကို ကန့်ကွက်ခြင်းမရှိသည့်အတွက် ဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်ခြေတိုးမြှင့်လာသည်။ ကာတာနိုင်ငံနှင့် အခြားသောနိုင်ငံများသည် ကြားဝင်ညှိနှိင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

ပြီးခဲ့သည့် တနင်္လာနေ့က ဟားမတ်စ်တို့သည် အစ္စရေးနှင့် အခြားသောသူများ၏ တောင်းဆိုချက်များကို ပယ်ချခဲ့ပြီး အမြဲတမ်းအပစ်အခတ်ရပ်စဲရေးကိုသာ တောင်းဆိုခဲ့သည်။

အစ္စရေးဘက်မှလည်း ပါလက်စတိုင်းအုပ်စု၏ တောင်းဆိုချက်ကို ငြင်းပယ်ခဲ့ရာ စေ့စပ်ညှိနှိင်းသူများသည် ဆွေးနွေးပွဲကို ဆိုင်းငံ့ထားရသည်။ ယင်းအချိန်တွင် အစ္စရေးတပ်ဖွဲ့ဝင်များသည် ဂါဇာကမ်းမြောင်ဒေသတွင် လေကြောင်းမှတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ဂါဇာ မြောက်ပိုင်းနှင့် တောင်ပိုင်းတို့တွင် အစ္စရေးတို့၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီးနှင့် ကလေးများအပါအဝင် ၂၀ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု မတ်လ ၂၉ ရက်က မီဒီယာများတွင် ဖော်ပြထားသည်။

PAN