သင်္ကြန်ကာလ ရန်ကုန်မြို့ပတ်ရထားပြေးဆွဲမှု ရပ်နားမည်


မတ် – ၃၁

သင်္ကြန်ကာလ ရန်ကုန်မြို့ပတ်ရထားပြေးဆွဲမှု ရပ်နားမည်


မတ် – ၃၁

သင်္ကြန်ပွဲတော်ကာလအတွင်း ရန်ကုန်မြို့ပတ်ရထားခရီးစဉ် ပြေးဆွဲမှုကို ယာယီရပ်နားမှာဖြစ်တယ်လို့ ရန်ကုန်ဘူတာကြီးမှ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

သင်္ကြန်ပွဲတော်ကာလအတွင်း ရန်ကုန်မြို့ပတ်ရထား ခရီးစဉ်တွေပြေးဆွဲမှုကို ယာယီရပ်နားမှာဖြစ်ပြီး သင်္ကြန်ပွဲတော်ကာလပြီးရင်တော့ မြို့ပတ်ရထား ခရီးစဉ်တွေကို ပုံမှန်အတိုင်း ပြေးဆွဲပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့ပတ်ရထားပြေးဆွဲမှုအားလုံးကို လာမယ့် ဧပြီလ ၁၃ ရက် သင်္ကြန်အကြိုနေ့ကနေ ဧပြီလ ၁၆ ရက် သင်္ကြန် အတက်နေ့အထိ ရပ်နားသွားမှာဖြစ်ပြီး ဧပြီလ ၁၇ ရက် နှစ်ဆန်းတစ်ရက်နေ့မှာ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲ သွားမှာဖြစ်တယ်လို့ ပြောပါတယ်။

လက်ရှိမှာတော့ ရန်ကုန်မြို့ပတ်ရထားပြေးဆွဲမှုအနေနဲ့ အခေါက်ရေ ၂၆ ခေါက်နှုန်း နေ့စဉ်ပြေးဆွဲပေးနေတာ ဖြစ်ပါတယ်။ ကိုဗစ်ကာလမတိုင်မီက မြို့ပတ်ရထားစီးနင်းသူအရေအတွက်မှာ တစ်ရက်ကို ရှစ်သောင်းလောက်ရှိခဲ့ပြီး ကိုဗစ်ကာလနောက်ပိုင်းမှာတော့ မြို့ပတ်ရထားစီးနင်းသူအရေအတွက် လျော့ကျခဲ့ပေမယ့် ဖေဖော်ဝါရီလကစပြီး ပြန်လည်များပြားလာတယ်လို ဆိုပါတယ်။

လက်ရှိမှာ ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်တဲ့လုပ်ငန်းတွေ ဆောင်ရွက်နေပြီး အဆိုပါလုပ်ငန်းများ ပြီးစီးသွားမယ်ဆိုရင် မြန်နှုန်းမြင့် ရထားတွေ အသုံးပြုပြီး ရထားစီးခရီးသည် နှစ်သိန်းလေးသောင်းခန့်ကို နေ့စဉ် သယ်ယူပို့ဆောင်ပေးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

PAN