ရွှေလေပတ်ကားရောင်းဝယ်နေသူများကို စစ်ဆေး


မတ် – ၃၁

ရွှေလေပတ်ကားရောင်းဝယ်နေသူများကို စစ်ဆေး


မတ် – ၃၁

ရွှေဈေးကမောက်ကမဖြစ်အောင် လေပတ်ကားရောင်းဝယ်နေသူတွေကို သက်ဆိုင်ရာက ခေါ်ယူစစ်ဆေး နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း YGEA ဥက္ကဋ္ဌ ဦးမျိုးမြင့် က ပြောပါတယ်။

မတ်လ ၃၀ ရက် မနက်ပိုင်းက ရွှေဈေးနှုန်းအခြေအနေဟာ ၁၆ ပဲရည် ရွှေတစ်ကျပ်သားကို ကျပ် သုံးဆယ့် ရှစ်သိန်း သုံးသောင်း လေးထောင့် ရှစ်ရာ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒါကြောင့် ရွှေဈေးကွက်ကို ကမောက်ကမဖြစ်စေလိုတဲ့ မသမာသူတွေနဲ့ လေပတ်ကားရောင်းဝယ်သူတွေ/ ပွဲစားတွေဟာ ရွှေဈေးနှုန်းတွေ မတန်တဆ မြင့်တက်စေဖို့အတွက် ဈေးကွက်အတွင်းအရောင်းအဝယ်မရှိတဲ့ ဈေးနှုန်း တွေကို သတင်းထုတ်လွှင့်ပြီး ဈေးကစားနေတာကို တွေ့ရတယ်လို YGEA က ထုတ်ပြန်ထားပါတယ်။

ရန်ကုန်မြို့ ရွှေဈေးကွက်မှာ လေပတ်ကားရောင်းဝယ်ဆောင်ရွက်နေတဲ့ သံသယရှိသူတွေကို တာဝန်ရှိ အဖွဲ့အစည်းတွေက ခေါ်ယူစစ်ဆေးနေတယ်လို့ သိရပါတယ်။

လတ်တလောရွှေဈေးကွက်မှာ လေပတ်ကား အရောင်း အဝယ်ပြုလုပ်တယ်လို့ သံသယရှိသူ ၁၇ ယောက်ကို ခေါ်ယူစစ်ဆေးနေသလို ထပ်မံပြီး ခေါ်ယူ စစ်ဆေးနေတာ အများအပြားရှိနေတယ်လို့လည်း ဦးမျိုးမြင့် က ပြောပါတယ်။

လက်ရှိမှာ ပြည်တွင်းရွှေဈေး တရိပ်ရိပ်မြင့်တက်နေတာဟာ ဒေါ်လာဈေးနဲ့ ကမ္ဘာ့ရွှေဈေးမြင့်တက် နေတာကြောင့်ဖြစ်ပြီး ရွှေဆိုင်တွေမှာတော့ အရောင်း အဝယ်သိပ်မရှိဘဲ အေးနေတယ်လို ဆိုပါတယ်။

သင်္ကြန်ရုံးပိတ် ရက်ကာလပြီးရင် ဒေါ်လာဈေးနဲ့ ကမ္ဘာ့ရွှေဈေးပေါ်မူတည်ပြီး ပြည်တွင်းရွှေဈေး ပြန်ကျလာနိုင်ခြေရှိတယ်လို့ သိရပါတယ်။ လူမှုကွန်ရက် မှာပျံ့နှံနေတဲ့ သတင်းတွေအရတော့ မတ်လ ၃၀ ရက် ပြင်ပရွှေဈေးကွက်ထဲမှာ ၁၆ ပဲရည် တစ်ကျပ်သားကို ကျပ် ၄၅ သိန်းကျော်နဲ့ အရောင်းအဝယ်လုပ် နေတယ်လို သိရပါတယ်။

PAN