ကျိုက်မရောမြို့နယ်၌ မုန်လာဥတစ်နိုင်တစ်ပိုင် စိုက်ပျိုးသူများမိသားစုအပိုဝင်ငွေရ


(ပြည်တွင်း) မတ် ၃၁

ကျိုက်မရောမြို့နယ်၊မြွေဟောက်ကျေးရွာ၌ ရာသီပေါ် သီးနှံများနှင့် မုန်လာဥပင်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုး ခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုကြရာ မုန်လာဥများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး စျေးကောင်းလည်းရရှိသဖြင့် မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း မုန်လာဥအများ အပြား စိုက်ပျိုးသူ ဦးဘဆွေမှ ပြောသည်။

မုန်လာဥပင်များကို အစေ့မှတန်းစိုက်ပြီး ၄၅ ရက်ကြာလျှင်အပင်ငယ်များထွက်လာပြီး အပင်ငယ်များကြားရှိမြက်ပင်များကို ခွဲနှုတ်ပေးရကြောင်း၊ မြက်ပင်များရှင်းလင်းနိုင်မှသာ မုန်လာဥများကြီးထွားသန်မာပြီး အထွက်နှုန်းကောင်းမှာဖြစ်ကြောင်း သိရသည်။

မုန်လာဥပင်ကို ရက်ပေါင်း ၅၀ ပြည့်လျှင် စတင်တူးဖော်ရပြီး စျေးကွက်တွင် စျေးကောင်းရနေသဖြင့် စီးပွားဖြစ် စိုက်ပျိုးလာကြကြောင်းနှင့် မုန်လာဥကို အခြားသောငါး၊ ငါးခြောက် စသည်တို့နှင့် ရောနှောချက်စားပါက အလွန်အရသာရှိပြီး ထမင်းလည်းမြိန်သဖြင့် အရောင်းရအားကောင်းသော သီးနှံတစ်ခု ဖြစ်ပါသည်။

PAN