သပိတ်ကျင်းမြို့နယ်၊ ကြာညှပ်ကျေးရွာအုပ်စုအတွင်း လေပြင်းတိုက်ခတ်


မတ် – ၃၁

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ကြာညှပ်ကျေးရွာအုပ်စုအတွင်း ယနေ့ ၄ နာရီ ၁၀ အချိန်ခန့်တွင် လေပြင်းများတိုက်ခတ်​ပြီး မိုးရွာများသွန်းခဲ့ကြောင်း သိရှိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် ကြာညှပ်ကျေးရွာရှိ ရွှေမြင့်ဦးစေတီတော် ထီးတော်စောင်းသွားခြင်း၊ ကြာညှပ်ကျေးရွာ အ.ထ.က ကျောင်းအဝင်ဆိုင်းဘုတ် ပြုတ်ကျပျက်စီးခြင်း၊ မြင်သာကျေးရွာမှ လူနေအိမ် ၃ လုံး၊ အမိုးသွပ်ပြားများ ပြုတ်ထွက်ပျက်စီးခြင်းများ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

PAN