မတ် ၂၁
တိုက်ပွဲများဖြစ်ပွားနေသည့် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင်ပါရှိသည့် ကော်ကိုး-ကျော်ခိုလမ်း ၁၈/၄ မိုင်အနက် ၂/၀ မိုင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကရင်ပြည်နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေကျပ် ၃၁၃၇ ဒသမ ၈၁၁ သန်းဖြင့် မြေလမ်း ၃/၀ မိုင်၊ အမာခံလမ်း ၆/၀ မိုင်၊ ကျောက်လမ်း ၅/၆ မိုင်၊ ကွန်ကရစ်လမ်း ၂/၀ မိုင်၊ ကတ္တရာထပ်ပိုးလွှာလမ်း ၃/၀ မိုင်၊ သံကူကွန်ကရစ်တံတား ၄ စင်း၊ Box Culvert ၁၈ စင်း တို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ပြီး ကော့ကရိတ်မြို့နယ်၊ ထို့ကော်ကိုး-ကျော်ခိုလမ်း ၁၈/၄ မိုင်အနက် ၂/၀ မိုင် ကွန်ကရစ်ခင်းခြင်း လုပ်ငန်းမှာ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ ထို့ကော်ကိုး – ကျော်ခိုလမ်း ၁၈/၄ မိုင်အနက် ၂/၀ မိုင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပေးမှုကြောင့် ကော့ကရိတ်မြို့နယ်နှင့်မြဝတီမြို့နယ်တို့အတွင်း လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာသည့်အပြင် အနီးပါတ်ဝန်းကျင် ကျေးရွာ ၁၇ ရွာ၊ အိမ်ခြေ ၃၀၁၆ အိမ်၊ အိမ်ထောင်စု ၃၀၂၀ စု၊ လူဦးရေ ၁၆၄၄၆ ဦးတို့မှာ ရာသီမရွေးသွားလာနိုင်ပြီး ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးအပါအဝင် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြုစေပြီး အလုပ်အကိုင်အခွင့်အလမ်းများလည်း ရရှိစေမည်ဖြစ်ကြောင်း သိရှိရသည်။
ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အတွင်း အခြေပြုလှုပ်ရှားနေသည့် KNU / KNLA / PDF အကြမ်းဖက်သောင်းကျန်းသူများသည် ကော့ကရိတ်မြို့အတွင်းရှိ ကျေးရွာများ စာသင်ကျောင်းများ ဘာသာရေးအဆောက်အဦများ လမ်းတံတားများအား မီးရှို့ဖျက်ဆီးခြင်း မိုင်းထောင်ဖောက်ခွဲခြင်းများ ပြုလုပ်နေကြသည်။
#PAN
Telegram Link
https://t.me/positiveanglenews
