ကလေးမြို့နယ် အောင်သာယာကျေးရွာအနီး အကြမ်းဖက် PDF များ၏ အလောင်း၊ လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိသလို ကနီမြို့ သိမ်းတိုက်ပွဲ ဖြစ်ပွားလျှက်ရှိ


မတ် ၁၁

ယမန်နေ့ နံနက် ၈ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ အောင်သာယာကျေးရွာအနီး နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက် PDF များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ အလောင်းနှင့် လက်နက်ခဲယမ်းဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

ယင်း ထိတွေ့ပစ်ခတ်မှုမှ အကြမ်းဖက် PDF ၁ လောင်း၊ အေကေ သေနတ် ၁ လက်၊ လက်လုပ် ၄၀ မမ သေနတ် ၁ လက်၊ လက်လုပ်သေနတ် ၁ လက်၊ လက်လုပ်စိန်ပြောင်း ၁ လက်၊ အေကေ ကျည်အိမ် ၂ ခု၊ အေကေကျည် ၂၀ တောင့်၊ ၄၀ မမဗုံးသီး ၃ လုံး၊ လက်လုပ်မိုင်း ၂ လုံး၊ လက်လုပ်လက်ပစ်ဗုံး ၁ လုံးတို့ကို သိမ်းဆည်း ရရှိခဲ့ကြောင်း သိရှိရသည်။

ထို့အတူ မတ်လ ၂ ရက်နေ့မှစ၍ ယနေ့မတ်လ ၁၁ ရက်နေ့အထိ စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့ကို အကြမ်းဖက် KIA/PDF ပူးပေါင်းအင်အား ၂၀၀၀ ခန့်အသုံးပြု၍ မြို့သိမ်းတိုက်ပွဲ ၅ ရက်တာ ရည်မှန်းချက်ဖြင့် မြို့သိမ်းတိုက်ပွဲဆင်နွဲနေသည်မှာ ၁၀ ရက်မြောက်နေ့ အဖြစ်သို့ရောက်ရှိနေပြီဖြစ်ကြောင်း သိရသလို အကြမ်းဖက် KIA/PDF အဖွဲ့မှ ကျဆုံးအင်အားအများအပြားရှိကာ ညအချိန်အခါများတွင် နီးစပ်ရာကျေးရွာ သိင်္ဂျိုင်မြေများသို့ မြုပ်နှံသင်္ဂြိုလ်မှုများရှိနေကြောင်းသိရပြီး တိုက်ပွဲရှောင်ပြည်သူများသည်လည်း PDF ကျဆုံးအလောင်းများကို ကျော်ခွပြေးကာ ဘေးလွတ်ရာသို့ ရှောင်တိမ်းနေကြရကြောင်း သိရသည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – https://positiveanglenews.com/2024/03/04/ကြွက်နားရွက်မှို-ရဲ့ကျန/
TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1
Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL
Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i
Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN