တာချီလိတ်မြို့နယ်၊ ဆေခမ်းရပ်ကွက်တွင် စိတ်ပြောင်းဆေးဝါး(ကက်တမင်း)များ ဖမ်းဆီးရရှိ


မတ်လ ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်တွင် ယမန်နေ့ ညနေ ၆ နာရီအချိန်ခန့်တွင် ဆမ်ဂျုံ မောင်းနှင်ပြီး ကျဟယ် လိုက်ပါလာသည့် CROWN အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ပြောင်းဆေးဝါး(ကက်တမင်း)အလေးချိန် ၁၀ ကီလို(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ်သိန်း ၈၅၀)နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

ထို့နောက် တရားခံများကို မေးမြန်ချက် အရ ညနေ ၆ နာရီ ၄၅ မိနစ် အချိန်ခန့်တွင် အဆိုပါ စိတ်ပြောင်းဆေးဝါးများ ရောင်းချသူ စိုင်းလှဆွေ(ခ)အိုက်ကျိုင်း အား တာချီလိတ်မြို့၊ ပါဆတ်ရပ်ကွက်ရှိ ၎င်း၏နေအိမ်အတွင်းမှ စိတ်ပြောင်းဆေးဝါး(ကက်တမင်း)အလေးချိန် ၀.၉၈ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၈၃.၃ သိန်း)၊ အိုက်စ်(မက်သ်အဖက်တမင်း)အလေးချိန် ၄၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃.၂ သိန်း)၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြား (ဒေသကာလ ပေါက်ဈေး တန်ဖိုးငွေကျပ် ၁.၄ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဆမ်ဂျုံ၊ ၃၄ နှစ်၊ ကျဟယ်၊ ၄၀ နှစ် နှင့် စိုင်းလှဆွေ(ခ)အိုက်ကျိုင်း၊ ၂၂ နှစ်တို့အား ဟောင်လိတ်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com

TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1

Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL

Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i

Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN