PAN (အယ်ဒီတာအာဘော်)

ကချင်လွတ်မြောက်ရေးတပ်မတော် KIA အကြမ်းဖက်သောင်းကျန်းသူအုပ်စုသည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ NLD ပါတီထောက်ခံသူ (ဗမာ) PDF အကြမ်းဖက်အဖွဲ့ကို မြှောက်ပင့်ပေးပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ မြို့ရွာများကို ဝင်ရောက် တိုက်ခိုက် လုယက်ဖျက်စီးနေခဲ့သည်မှာ အချိန်ကာလတစ်ခုအထိရှိခဲ့ပြီ ဖြစ်သည်။

နိုင်ငံရေးရူးကြောင်ကြောင် ပုန်ကန်ထကြွသူ (ဗမာ) PDF အကြမ်းဖက်တွေကြောင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA မှ အင်အားစုဆောင်းမိလာပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတွင်ရှိ မြို့အချို့ကို တိုက်ခိုက်ခဲ့ကြသည်။

ပင်လယ်ဘူး၊တန်ဆည်၊ထီးချိုင့်၊ကောလင်း၊ရွှေပြည်အေး စသော စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ မြို့များကိုတိုက်ခိုက်ရာတွင် ပုန်ကန်သူ (ဗမာ) PDF အကြမ်းဖက်အဖွဲ့များကို အသုံးချခဲ့ကြသည်။
အကြမ်းဖက်သောင်းကျန်းသူများသည် မြို့များအား တိုက်ခိုက်သိမ်းပိုက်ရာတွင် ဘဏ်များကို လုယက် ဖောက်ယူကြခြင်း နေအိမ်များကိုဖောက်ထွင်းလုယူခြင်းများပြုလုပ်ကြပြီး ရရှိသည့် ပြည်သူပိုင်ငွေများကိုခွဲဝေရာတွင် KIA မှ အများဆုံးရရှိသည်။
နိုင်ငံရေးဖြစ်စဉ်အရ ရှမ်းမြောက်၊ ရခိုင်၊ ကယား၊ချင်း၊ ကရင်ပြည်နယ်၊ တနသ်ာရီတိုင်းဒေသကြီး စသည့် နေရာများတွင် PDF အကြမ်းဖက်များ သောင်းကျန်းသူများမှ ပုန်ကန်ထကြွလျှက်ရှိပြီး အကြမ်းဖက်မှုများကျူးလွန်နေသည့်အတွက် တပ်မတော်က ပြည်ထောင်စုမပြိုကွဲရေးအတွက် ဖြန့်ခွဲထိန်းသိမ်းနေရသော အချိန်ကာလလည်း ဖြစ်သည်။

လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများသည် နိုင်ငံရေး စစ်ရေး အခြေအနေကို သတင်းတု သတင်းမှားများဖြင့် မီဒီယာကိုအသုံးချပြီး ဝါဒဖြန့်ချီကာ လူမျိုးစုလက်နက်ကိုင်နယ်မြေများကို တိုးချဲ့နိုင်သမျှ တိုးချဲ့ နေရာယူနေကြခြင်းဖြစ်သည်။

စစ်ကိုင်းဒေသကြီးအတွင်းသို့ KIA များ ကျူးကျော်ဝင်ရောက်မှုနှင့်အတူ ဖြစ်ပွားလာသည့် အကြမ်းဖက်တိုက်ခိုက်သတ်ဖြတ်မှုများကို ကျူးလွန်လာသည့် KIA နှင့် PDF အကြမ်းဖက်အဖွဲ့များကို လက်မခံကြသည့် စစ်ကိုင်းတိုင်းဒေသကြီးမှ ဒေသခံပြည်သူအချို့မှာ လက်နက်ဆွဲကိုင်ပြီး KIA နှင့် PDF များကို တော်လှန်တိုက်ခိုက်ရန် ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်းလာခဲ့ကြသည်။

ယခုအခါ နေရာဒေသအနှံ့အပြားတွင် ပြည်သူ့စစ်အဖွဲ့များ ရှိလာခဲ့ပြီဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတွင် ပြည်သူ့စစ်များအင်အားတောင့်တင်လာသည်နှင့်အမျှ KIA နှင့်PDF များသည် နယ်မြေကျင်းမြှောင်းလာပြီး မြို့ ၊ရွာအချို့ကို ပြန်လည် လက်လွှတ်လာရပြီဖြစ်သည်။

ထီးချိုင့်၊ပင်လယ်ဘူး၊တန်ဆည်၊ကောလင်းတိုက်ပွဲများတွင် KIA နှင့် PDF အကြမ်းဖက်များ အထိနာခဲ့ပြီး ခရိုင်အဆင့်ကောလင်းမြို့ကို လက်လွှတ်လိုက်ရခြင်းသည် KIA နှင့် pdfကို အထိနာစေခဲ့သည်။

ကောလင်း စစ်မျက်နှာတွင် အရှုံးပေါ်နေသော KIAသည် တန်ဆည်မြို့နယ်၊ ကံထူးမရဲစခန်း၊ ကိုတိုက်ခိုက်ခဲ့သော်လည်း အရှုံးနှင့်သာ ရင်ဆိုင်ခဲ့ရသည်။

၁-၃-၂၀၂၄ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့ကို PDF အကြမ်းဖက်အဖွဲ့မှ ဗိုလ်သံမဏိ၊ ထွန်းထွန်းဝင်း ဦးဆောင်သည့် PDF အဖွဲ့ များမှ အပြင်းအထန်တိုက်ခိုက်ခဲ့သည်။ ယ

၆-၄-၂၀၂၄ရက်နေ့ညတွင် ကနီမြို့တိုက်ပွဲသည် အပြင်းထန်ဆုံးဖြစ်ခဲ့ပြီး အင်အား ၂၀၀၀နီးပါးသုံး၍ တပ်မတော်စခန်း ၊ရဲစခန်းများကို ထိုးဖောက်တိုက်ခိုက်သော်လည်း တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များက လုံးဝ ဆုတ်ခွါပေးခြင်း မရှိပဲ အပြင်းအထန်ခုခံ တိုက်ခိုက်ခြင်း ၊တပ်မတော် လေ မှ တိကျသော ပစ်ကူပေးခြင်းများကြောင့် ယနေ့ ၇-၃-၂၀၂၄ရက်နေ့တွင် KIA နှင့် PDF များ မှာထိုးစစ်အရှိန်ကျဆင်းနေ သည်။

ယခင်ကပင် နိုင်ငံရေးရည်မှန်းချက်ကြီးမားသော KIA သည် ၂၀၁၁ ခုနှစ်က ဝမ်ပေါင် နိုင်ငံအိမ်မက် မက်ခဲ့သော်လည်း တပ်မတော်၏ ထိုးစစ်များကြောင့် ဌာနချုပ်လိုက်ဇာပတ်ဝန်းကျင်ကိုပင် မထိန်းနိုင်ပဲ အရေးပါသော KIA စခန်းများကို လက်လွှတ်ခဲ့ရသည်။

တပ်မတော်က KIA ဌာနချုပ် လိုက်ဇာပတ်ဝန်းကျင်စခန်းများကို ထိန်းချုပ်ထားရာ KIA ၏ အသဲနှလုံးကို ဆုပ်ကိုင်ထားသော အခြေအနေဖြစ်လာသည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလမှစတင်ကာ ဖြစ်ပွားခဲ့သော ၁၀၂၇ စစ်ဆင်ရေး၊ ကျားဖြန့်ပြသနာများကြောင့် ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့်
MNDAA, AA နှင့် TNLA တို့သည် ရှမ်းမြောက်တွင် ပြည်ပနိုင်ငံကြီးတစ်ခု၏ အကူအညီဖြင့် နယ်မြေ အချို့ကို ရရှိခဲ့သော်လည်း နိုင်ငံရေးရည်မှန်းချက်ကြီးသည့် KIA မှာ ပြည်ပြေးအစိုးရ NUG နှင့် NUG လက်အောက်ခံ PDF များနှင့် ပူးပေါင်းခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ပဲ အရင်းအနှီးကြီးစွာ ပေးဆပ်ခဲ့ရသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ NUG လက်အောက်ခံ PDF အကြမ်းဖက်များ၏ တိုက်စွမ်းရည်မှာ မှန်းချက်နှင့် နှမ်းထွက်မကိုက်ခြင်း မိုးမိတ်၊ မဘိမ်းတိုက်ပွဲများတွင် အကျအဆုံးများခဲ့ခြင်းများကြောင့်လက်နက်ကိုင်အုပ်စုများအကြားတွင် KIA မှာမျက်နှာငယ်စရာ ဖြစ်ခဲ့ရသည်။

ပြန့်ကျဲနေသော တိုက်စစ်များကြောင့် KIA အတွက် နယ်မြေတစ်ခုရရှိရန် မဖြစ်နိုင်ခြင်း လက်တလော တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ အင်အားတောင့်တင်းလာသည့် ပြည်သူ့စစ်အင်အားမှာKIA ကို ခြိမ်းခြောက်လာခြင်း ၊ ပြည်သူ့စစ်များ ဖွဲ့စည်းမှုဟာ ကချင်ပြည်နယ်အတွင်းသို့ပါ စိမ့်ဝင်လာခြင်းများကြောင့် KIA ၏ ရပ်တည်ရေးမှာ ထိခိုက်လာသည်။

ထို့ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း KIA အင်အားအနည်းငယ်မှဦးဆောင်ပြီး PDF များကို ရှေ့တန်းတင်ကာ မြို့များကို တိုက်ခိုက်လုယက်ခြင်းဖြင့် တပ်မတော်နှင့် ပြည်သူ့စစ်များကို ဝေဝါးရပ်တန့်လာအောင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်းသုံးသပ်နိုင်ပါသည်။

KIA အနေဖြင့် ၄င်းတို့၏ ဌာနချုပ် လိုက်ဇာ ပတ်ဝန်းကျင်တွင်ရှိနေသော တပ်မတော် စခန်းများကို ယနေ့ ၇-၃-၂၀၂၄ရက်နေ့ တွင် စတင်ထိုးစစ်ဆင် တိုက်ခိုက်လျှက်ရှိပါသည်။

ယခင်က စစ်ကိုင်းတိုင်းဒေသကြီးနှင့်စပ်ဆက် အင်တော်၊ဖားကန့်ဒေသတွင်သာ တိုက်ပွဲများ ရှိခဲ့သော်လည်း ယခုအခါ ကချင်ပြည်နယ်သို့ စစ်မီးကူးစက်လာပြီ ဖြစ်ပါသည်။

KIA အနေဖြင့် နိုင်ငံရေး၊ စစ်ရေးအရ လက်ဆုတ်လက်ကိုင်ပြစရာ မရှိဖြစ်နေသည့်အတွက် နောက်ဆုံးတွင်ရသည့်အမြတ်ယူမည်ဆိုသော အယူအဆဖြင့် ဌာနချုပ်လိုက်ဇာကို ပိတ်စို့ထားသော တပ်မတော်စခန်းများကို စတင်တိုက်ခိုက်လာခြင်းဖြစ်ပါကြောင်းသုံးသပ် တင်ပြလိုက်ပါသည်။